၂၄ နိုဝင်ဘာ ၂၀၂၄ - ၁၉:၅၇
အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် တွင် ပါကစ္စတန် နိုင်ငံ ပါရာဂျနာရ် အာဇာနည်များ အတွက် မဂျ်လစ် ပြုလုပ်

အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် တွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အာဇာနည်များ ဖြစ်သွားကြသည့် ပါကစ္စတန် နိုင်ငံ ပါရာဂျနာရ် အာဇာနည်များ အတွက် မဂျ်လစ် ပြုလုပ်ခဲ့ပါတယ်။ အူရ်ဒူစကားပြော ဇေယာရသ် ပြုသူများ နှင့် သာသနာ့ ကျောင်းသား များ စွာ တက်ရောက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်နိုင်ငံ ပါရာဂျနာရ် ဒေသမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်အပြီးမှာ  ရှီအဟ် မွတ်စလင်မ် အရပ်သား မိသားစုအများအပြား သေဆုံးခဲ့ရပါတယ်။ အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် ရှိ အီရန်မဟုတ်သော ဇေယာရသ် ပြုသူများ ကို စီမံခန့်ခွဲခြင်း၏ တိုက်ငယ်အပိုင်း၏ ကြိုးပမ်းမှုဖြင့်  ဤ အာဇာနည် များ အတွက် မဂျ်လစ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဤမဂျ်လစ် အား နိုဝင်ဘာလ ၂၃ ရက်နေ့ က မဂ်ရိဗ် နှင့် အေရှာ နမာဇ် အပြီး ကျင်းပ ခဲ့ပြီး အူရ်ဒူစကားပြော သာသနာ့ ကျောင်းသား ၄၀၀ တို့နှင့် အတူ  ဇေယာရသ် ပြုသူ  ၄၀၀ခန့် တက်ရောက် ခဲ့ပါတယ်။

မဂျ်လစ် တွင် ပါဝင်သူများသည် ပါရာဂျနာရ် ၏ အာဇာနည်များအား ဂုဏ်ပြုဆုတောင်းကာ ကုရ်အာန်ကို သေလာဝသ် ပြု  ကာ ကမ္ဘာ နှင့် အဝှမ်း ငြိမ်းချမ်းရေး နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး သဝဏ်လွှာကို ကျယ်လောင်စွာ ပေးပို့ခဲ့ပါတယ်။

ဤမဂျ်လစ် တွင် အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် ၏ ဒါရိုလ်ကုရ်အာန် မှ ဖိတ်ကြားထားသော ကာရီ မှ ကုရ်အာန် သေလာဝသ် ပြုပြီး  ဇာမင်းန် ကာစင်မ် မှ ပါရှတို  ဘာသာစကား ဖြင့် ဆယက်ဒ် စဂျာဒ် ဟိုစိုင်းန် မူစဝီ မှ အူရဒူ ဘာသာဖြင့် မဒါဟီ ( နောင်ဟာ၊မရ်စီယဟ်၊ကစီဒဟ်ဖတ်ခြင်း) ကို ပြုခဲ့ကြပါတယ်။

ထို့အပြင် ပါရှတိုစကားပြောသော လူအုပ်ကြီးက  နောင်ဟာဖတ်  ခြင်း နှင့် မာတမ် လုပ်ခြင်း (ရင်ဘတ် ရိုက်ခြင်း) တို့ကို ပြုလုပ်ခဲ့ကြပါတယ်။

တရားဟောဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒီးဒါရ် အလီ အက္က်ဘရ်ရီ မှ ပါရာဂျနာရ် ၏ အာဇာနည်များအား ဂုဏ်ပြု စကား ဟောကြားပြီး  ကူရ်ဒေလာန် အယာဒီ ၏ ရာဇဝတ်မှု နှင့် ကမ္ဘာလုံးဆိုင်ရာ နယ်ချဲ့ ဝါဒ ၊ အာဏာရှင်ဝါဒ ၊  ဇီယွန်ဝါဒ နှင့် မကောင်းဆိုးဝါး  ဝဟာဘီ ဝါဒ တို့၏ ပြစ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒီးဒါရ် အလီ အက္က်ဘရ်ရီ  မှ ဆက်လက်ပြီး ကျိန်ဆဲခံရသော သစ်ပင်၏  အရင်း အမြစ်များဖြစ်သည့် ပါကစ္စတန်ရှိ ဝဟာဘီဝါဒ  နှင့် တာလီဘန်တို့ကို  ညွှန်ပြပြီး “ဒီအဖွဲ့တွေဟာ ယုတ္တိရှိ သည့် စကားများ မပြောတတ် ကြ သလို နားလည်မှု နှင့်  အသိဥာဏ်လည်း မရှိကြောင်း ရှီအဟ်များ ကိုဘာသာ ရေး အမည်နဲ့ အတတ်နိုင်ဆုံး ရက်စက်ဆုံးနည်းနဲ့ သတ်ခဲ့တာ နှစ်အတော်ကြာပြီ။" ဖြစ်ကြောင်း ဟောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး လူ့အခွင့်အရေး တောင်းဆိုသည့်  နိုင်ငံတကာ စည်းဝေးပွဲများ၏ ဆိတ်ဆိတ်နေမှုကိုလည်း ထောက်ပြ ဟောကြားပြီး ပါလက်စတိုင်းနဲ့ လက်ဘနွန်အတွက် တိတ်ဆိတ် နှုတ်ဆိတ်နေကြသလို ပါရာဂျနာရ် ၏ အာဇာနည်များ အတွက်လည်း တိတ်ဆိတ် နှုတ်ဆိတ်နေကြ ကြောင်း ပါရာဂျနာရ် ၏ အာဇာနည်များ အတွက် ပြုလုပ်သည့် မဂျ်လစ် သည် လူသားတို့၏ အဖြစ်ဆိုးများ နှင့် အကြမ်းဖက်ဝါဒ နှင့် ဂိုဏ်းဂဏ အကြမ်း ဖက်မှုများကို ဆန့်ကျင်သည့် မွတ်စလင်မ်များ ၏ စည်းလုံးညီညွတ်မှုနှင့် သွေးစည်းညီညွတ်မှုဆိုင်ရာ ပြင်းထန်သော သတင်းစကား တို့ကို သတိရစေမည့် အခွင့်အရေးဖြစ် ကြောင်း ဟောကြားခဲ့ပါတယ်။

.......................................................

END / 251