အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် ဇီယွန်နစ် မီဒီယာ၏ အဆိုအရ ဤဆိုက်ဘာတိုက်ခိုက်မှုသည် ခရက်ဒစ်ကတ်ပံ့ပိုးမှုစနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အသိမ်းပိုက်ခံ ပါလက်စတိုင်း တွင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အကြွေးဝယ်ကတ်ဝန်ဆောင်မှုများကို လွန်ခဲ့ သည့် နှစ်ပတ်အတွင်း ဒုတိယအကြိမ် ပြတ်တောက်သွားခြင်းဖြစ်ပါတယ်။ ဇီယွန်ဝါဒီ အာဏာပိုင်များသည် အဆို ပါ ဆိုက်ဘာတိုက်ခိုက်မှုအပေါ် လုံးဝ နှုတ်ဆိတ်နေခဲ့ကြပါတယ်။
ဇီယွန်အစိုးရ၏ ဆိုက်ဘာအုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Aviram Atzaba က အောက်တိုဘာလ ၇ ရက်နေ့ ၂၀၂၃ ခုနှစ် တွင် ပြုလုပ်သည့် အလ်အက်ဆွာ စစ်ဆင်ရေး စတင်ချိန်မှစ၍ အစ္စရေးအပေါ် ဆိုက်ဘာတိုက်ခိုက်မှု အရေအတွက် တိုးလာကြောင်း ဝန်ခံခဲ့ပါတယ်။
အလ်အက်ဆွာ စစ်ဆင်ရေးမှစပြီး အစ္စရေးနိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှု ၈၀၀ ကြိမ်ရှိခဲ့ကြောင်း Aviram Atzaba က ထပ်လောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။
.......................................................
END / 251