၂ မတ် ၂၀၂၅ - ၂၂:၅၆
အီရန်၊ပါကစ္စတန် ၊ အိန္ဒိယ နှင့် မြန်မာ နိုင်ငံများတွင် တနင်္ဂနွေနေ့ မတ်လ ၂ရက်နေ့သည့် ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ်  လမြတ် ရမ်ဒွါန် ၏ ပထမနေ့ ဖြစ်

ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ် လမြတ် ရမ်ဒွါန် ၏ လကို အီရန် ၊ ပါကစ္စတန် ၊ အိန္ဒိယ နှင့် မြန်မာ နိုင်ငံ တို့တွင် မြင်တွေ့ ခဲ့ရကြောင်းတင်ပြအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar သတင်းဌာန နှင့် Abna သတင်းဌာန ၏ သတင်း အစီရင်ခံစာ များ အရ ရှအ်ဗာန်  လ ၏ ၃၀ ရက်မြောက်ပြီးနောက်  ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ်  လမြတ် ရမ်ဒွါန် ၏ လကို အီရန် ၊ ပါကစ္စတန် ၊ အိန္ဒိယ နှင့် မြန်မာ နိုင်ငံ တို့တွင် မြင်တွေ့ ခဲ့ရပါတယ်။

ရမ်ဒွါန် လမြတ် ကို မြင်ပြီးနောက် အီရန် ၊ ပါကစ္စတန် ၊အိန္ဒိယ နှင့် မြန်မာ ရှိ မွတ်စလင်မ် များသည် ပထမဆုံး ရိုဇဟ်ထားရန် စဲဟ်ရီ အတွက်  အရုဏ်မတက်မီ ပြင်ဆင်နေကြပါတယ်။

ရမ်ဒွါန်လမြတ် ၏ ပထမဆုံးနေ့ကို တနင်္ဂနွေ့ နေ့ မတ်လ ၂ ရက်နေ့ တွင် အီရန်၊ ပါကစ္စတန် ၊ အိန္ဒိယ နှင့် မြန်မာ တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံသားများသည် ရမ်ဒွါန်လမြတ် ၏ ကောင်းချီးမင်္ဂလာများကို ရယူရန် ကြိုးစား ကြမည်ဖြစ်ပါတယ်။

ပါလက်စတိုင်း၊ ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်နှင့် ဂျာမနီတို့အပါအဝင် နိုင်ငံအများအပြားတွင် ပထမဆုံး ဥပုသ်လ (ခ) ရမ်ဒွါန် လမြတ် ၏ လ ကို စနေနေ့ ညက မြင်တွေ့ခဲ့ရကြောင်း သတိပြုသင့်ပါတယ်။

လမြတ်ရမ်ဒွါန် တွင် မွတ်စလင်မ်တိုင်း ရိုဇဟ်များကို ထားနိုင်ခြင်း နမာဇ်များကို အချိန်မှန် မပျက်မကွက်  ဝတ်ပြုနိုင်ခြင်း ကျမ်းတော်မြတ် ကုရ်အာန် ၏ သေလာဝသ် ပြုနိုင်ခြင်း ကောင်းမှု ကုသိုလ်အစုစု ပြုနိုင်ခြင်း ၊ ဟူကူကိုလ်လ္လာဟ် နှင့် ပတ်သက်ပြီး အလ္လာဟ် ထံ ဝန်ချတောင်းပန်ခြင်း ဟူကူကိုလ် အေဗါဒ် နှင့် ပတ်သက်ပြီး သက်ဆိုင်သူများ ထံ ဝန်ချတောင်းပန်ခြင်း  စသည်တို့ ကိုပြုနိုင်ရန် စွမ်းအားများ မြတ်အလ္လာဟ် ချီးမြှင့် ပေးသနား တော် မူရန် တောင်းဆု ပြုလုပ်ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha