၂ ဖေဖော်ဝါရီ ၂၀၂၅ - ၁၄:၁၇
ဒိန်းမတ်တွင် ကျမ်းမြတ်ကုရ်အာန် အား တစ်ဖန် စော်ကား

ဆွီဒင်တွင် အီရတ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင် နိုင်ငံရေး ခိုလုံသူ Slovan Momica သတ်ဖြတ်ခံရပြီး ရက်ပိုင်းအကြာတွင် ဒိန်းမတ်၏ လက်ယာစွန်း “Hard Way” ပါတီခေါင်းဆောင် Rasmus Paludin သည် ကျမ်းမြတ်ကုရ်အာန်ကို ကဲ့ရဲ့ရှုတ်ချသည့်လုပ်ရပ်ဖြင့် တစ်ဖန် မီးရှို့စော်ကား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ ဆွီဒင်မီဒီယာ၏အဆိုအရ ဒိန်းမတ်၏ လက်ယာစွန်း “Hard Way” ပါတီခေါင်းဆောင် Rasmus Paludin သည် ကိုပင်ဟေဂင်ရှိ တူရကီသံရုံးရှေ့တွင် မိမိ၏  ဆိုရှယ်မီဒီယာ အကောင့်တွင် မက်ဆေ့ချ်တစ်ခုဖြင့် မိမိ ၏ လူမဆန်သည့် ကြမ်းကြုတ် သော လုပ်ရပ် ကို ကြေညာခဲ့ပါတယ်။

အစီရင်ခံစာအရ ဤ အစွန်းရောက် ဒိန်းမတ်နိုင်ငံရေးသမားသည် Slovan Momica အသတ်ခံရ ပြီးနောက်တွင် ဒိန်းမတ်ရဲတပ်ဖွဲ့က ဤလူမဆန်သည့် စော်ကားသည့် လုပ်ရပ်ကို တားမြစ် ပိတ်ပင်ထားသော်လည်း ကျမ်းတော်မြတ်ကုရ်အာန်ကို တစ်ဖန် မီးရှို့ စော်ကား ခဲ့ပါတယ်။

.......................................................

END / 251