၆ မတ် ၂၀၂၅ - ၀၁:၃၇
ပါရာဂျနာရ် နှင့် ဂါဇာ တို့ကို တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှု ဖြစ်ကြောင်း အိန္ဒိယ ရှီအဟ်အိုလမာ ကောင်စီဥက္ကဋ္ဌ ပြောကြား

အိန္ဒိယ ရှီအဟ်အိုလမာ ကောင်စီဥက္ကဋ္ဌ ဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ အနေဖြင့် ပါရာဂျနာရ် နှင့် ဂါဇာ တို့ကို တိုက်ခိုက်ခြင်းသည် ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဤလုပ်ရပ် တွေ ဟာ လူ့အခွင့်အရေးကို ကိုချိုးဖောက်သည့် ရာဇ၀တ် မှု ကြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဆိုပါ တိုက်ခိုက်မှုများတွင် အပြစ်မဲ့ အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် အဆိုပါ ဖြစ်ရပ်များကို နိုင်ငံတကာ အသိုက် အဝန်းက ချက်ချင်း သတိပြုရမည်ဖြစ်ကြောင်း ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ မှ ပြောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ က ဤ တိုက်ခိုက်မှု တွေဟာ ငြိမ်းချမ်းရေးနဲ့ စည်းမျဥ်းစည်းမျဥ်းကို ခြိမ်းခြောက်ရုံသာမက နိုင်ငံတကာ ဥပဒေကို ချိုးဖောက် မှု လည်း ဖြစ်ကြောင်း ထိခိုက်ခံစားရတဲ့ မိသားစုတွေကို သနားပြီး ကျူးလွန် သူများ ကို တရား ဥပေဒ အရ အရေးယူ ဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ခနောင်း မြို့ ၏ သောကြာ နမာဇ် ‌‌ရှေ့ဆောင်  ဆရာတော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ က  ဆက်လက်ပြီး ပါရာဂျနာရ် ၏ အခွင့်အရေး အတွက် အလာမဟ် ဆယက်ဒ် ဟစန် ဇဖရ် နကဝီ အား ပစ်မှတ်ထားခဲ့ခြင်း ကို  ကျွန်ုပ်တို့ ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်း  ပါရာဂျနာရ်  တွင် ရှဟီးဒ် ဖြစ်သွားသူများ မိသားစုဝင်များကို ဝမ်းနည်း ကြောင်း ရှဟီးဒ် များ ၏ အဆင့် ကို မြင့်မားစေရန် နှင့် ကျန်ရစ်သူ မိသားစုဝင်များကို သည်းခံနိုင် သည့် စွမ်းအား ချီးမြှင့် ပေးရန် ဒိုအာ ပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ က ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်ဖို့ ပါကစ္စတန် ရှီအဟ်များ၏ ခေါင်းဆောင်တွေကို တောင်းဆိုထားပြီး ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်များ ကို ပြည်သူတွေက လက်ခံပြီး သူတို့ကို ထောက်ခံပေးဖို့ ပညာရှင်များ နှင့် ခေါင်းဆောင်မှုကို ပံ့ပိုးပေးသည့် နေရာတိုင်းတွင် အောင်မြင် ကြောင်း သမိုင်းက သက်သေပြထား ကြောင်း ပြောကြား ထားပါတယ်။

အိန္ဒိယ ရှီအဟ်အိုလမာ ကောင်စီဥက္ကဋ္ဌ က လူအချို့က ပါရာဂျနာရ် နှင့် ဂါဇာ ကို သီးခြား ဖြစ်ရပ်နှစ်ခုအဖြစ် ယူဆကြကြောင်း နေရာနှစ်ခုလုံးတွင် ရာဇ၀တ်မှုများဖြစ်ပွားနေကြောင်း  ဤ ရာဇဝတ် နှစ်ခုလုံးကို ရှုံ့ချ ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha