အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ၊ ရမ်ဒွါန် လမြတ်တွင် ရိုဇဟ် စောင့်သူများ (ဥပုသ်စောင့်သူများ) သည် အစာရှောင်ခြင်းနှင့် အခြားဝတ်ပြုခြင်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်စေရန်အတွက် မိမိ တို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးဂရုပြုသင့်ပါတယ်။
မိမိ ကျန်းမာရေးနှင့် စိတ်ခံစားချက်အရ စဲဟ်ရီ နှင့် အစ်ဖ်သွာရ် (ဝါဖြေ) အတွက် အစားအစာ မီနူး (Menu ) ကို စီစဉ်ပါက ရမ်ဒွါန် လမြတ် အတွင်း ကျန်းမာစွာနေထိုင်နိုင်မည် ဖြစ်ပါတယ်။
ရမ်ဒွါန် လအတွင်း အစ်ဖ်သွာရ် (ဝါဖြေ) မှ စဲဟ်ရီ အထိ ကျန်းမာသော အစားအသောက် များ အတွက် အရေးကြီး သော အကြံပြုချက်များကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက မျှဝေကြပါတယ်။
ကျော်ကြား သော ဂရိ ဆေးပညာရှင် ဒေါက်တာ မာမက် ဟာရှင်မ်မီ က လူတစ်ဦးစီသည် မိမိ တို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေ အနေအရ သင့်လျော်သော အစားအသောက်မီနူးကို ပြင်ဆင်သင့်သည်ဟု ပြောကြားခဲ့ပါတယ်။
အချို့လူများသည် အစ်ဖ်သွာရ် (ဝါဖြေ) နှင့် ညစာကို တစ်ချိန် တည်း စားနိုင်သော်လည်း အချို့က ထိုအစား အစာ နှစ်ခုကို သီးခြားစီစားကြပြီး ၎င်းတို့ကြားတွင် ကွာဟချက်ရှိကြပါတယ်။
အချိန်တိုအတွင်း အမျိုးမျိုးသော အစားအစာများကို စားသုံးခြင်းသည် အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာ များကို ဖြစ်စေသည်ဟု ဂရိ ဆေးပညာရှင် မာမက် ဟာရှင်မ်မီ က ဆိုပါတယ်။
ထို့ကြောင့် အစာမစားမီ သို့မဟုတ် အနည်းဆုံး နှစ်နာရီကြာပြီးနောက် အသီးအနှံများကို စားခြင်းသည် အကောင်း ဆုံး ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အစာစားပြီးပြီးချင်း အသီးအနှံများကို စားသုံးခြင်းသည် အစာ ချေဖျက် ခြင်း ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါတယ်။
အလားတူ၊ အစာရှောင်ပြီးပြီးချင်း အချိုဓာတ်နဲ့ အခြားအဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ အစာ အိမ်ထဲ မှာ လေးလံခြင်းနှင့် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။
အစား အသောက်မမှန်ခြင်းကြောင့် အထူးသဖြင့် လူငယ်များကြားတွင် ဝက်ခြံပြဿနာများကို ဒေါက်တာ ဟာရှင်မ်မီ က မီးမောင်းထိုးပြခဲ့ပါတယ်။
သူ့အဆိုအရတော့ ရင်ပူတဲ့စိတ်ရှိသူတွေဟာ အစ်ဖ်သွာရ် (ဝါဖြေ) အတွင်းမှာ အသီးခြောက်တွေ၊ သစ်သီး ခြောက် တွေ၊ ချောကလက်နဲ့ သကြားလုံးတွေကို များများစားရင် မျက်နှာမှာ ဝက်ခြံ၊ ဝက်ခြံနဲ့ ယားယံခြင်းစတဲ့ ပြဿနာ တွေကို တိုးပွားလာစေနိုင်တယ်လို့ ဆိုပါတယ်။
ဤသက်ရောက်မှုများကို လျှော့ချရန်အတွက် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသည့် ရှေကန်ရှဘီးန် (ရှေး အကျ ဆုံး အီရန်အချိုရည်များထဲမှ တစ်ခုဖြစ်ပြီး ပျားရည် နှင့် ရှာလကာရည်တို့ဖြင့် ပြုလုပ်ထား ပါတယ်။) ကဲ့သို့ သော ရိုးရာဆေးရည်များ သောက်ရန် အကြံပြုထားပါတယ်။
ရမ်ဒွါန်လမြတ် အတွင်း သင့်လျော်သောရေနှင့် အခြားအရည်များကို သောက်သုံးရန် ဂရိသမားတော်က အလေး ပေးပြောကြားခဲ့ပြီး အထူးသဖြင့် အရုဏ်မတက်မီ လက်ဖက်ရည်အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်မှ ရေများ ကို စွန့်ထုတ်မှုကို မြန်စေသည်ဟု သတိပေးခဲ့ပါတယ်။
အစာစားချိန် အစောပိုင်းတွင် ခန္ဓာကိုယ်အတွင်း ရေငတ်ခြင်းနှင့် ခြောက်သွေ့ခြင်းတို့ တိုးလာနိုင်ပါတယ်။ ထို့ကြောင့် သောက်သုံးသော လက်ဖက်ရည်ပမာဏကို ချိန်ညှိရန် အရေးကြီးပြီး ယင်းအစား ရှေကန်ရှဘီးန် (ရှေး အကျ ဆုံး အီရန်အချိုရည်များထဲမှ တစ်ခုဖြစ်ပြီး ပျားရည် နှင့် ရှာလကာရည်တို့ဖြင့် ပြုလုပ်ထား ပါတယ်။) ကဲ့သို့ ရိုးရာဆေးရည် သို့မဟုတ် ဆေးဖက်ဝင်အပင်များ ဖျော်ရည်များကို ဦးစားပေးသင့်ပါတယ်။
အစ်ဖ်သွာရ် (ဝါဖြေ) နှင့် ညစာ အကြား အချိန် ခြား သင့်ပါသလား?
အစ်ဖ်သွာရ် (ဝါဖြေ) နှင့် ညစာ ကို သီးခြားစားသင့်သလား ? ဒါမှမဟုတ် တစ်ချိန်တည်းမှာ စားသင့်သလား? ဆိုတဲ့ မေးခွန်းကို အမြဲမေးလေ့ရှိပါတယ်။
ယင်းနှင့် ပတ်သက်၍ Hamadan University of Medical Sciences မှ ပါမောက္ခ ဒေါက်တာ မာမက် ဟာရှင်မ်မီ က ဤဆုံးဖြတ်ချက်သည် လူတစ်ဦးစီ၏ အစာချေဖျက်နိုင်မှုအပေါ် မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။
အစာစားပြီးနောက် အစာကြေဖို့ခက်ခဲတဲ့ အစာအိမ်ရှိသူတွေဟာ ဟင်းချို ဒါမှမဟုတ် ဂျုံယာဂုလိုမျိုး ပေါ့ပေါ့ ပါးပါး အစာစားပြီး ခဏအကြာမှာ ညစာစားသင့်ပါတယ်။
အကယ်၍ လူတစ်ဦးသည် ဝါဖြေ ပြီးနောက် အစား ထပ်မစားလိုတော့ပါက ၎င်းအနေဖြင့် အစ်ဖ်သွာရ် (ဝါဖြေ) နှင့် ညစာ ကို အတူစားနိုင်ပါတယ်။
မသင့်လျော်သော အစားအစာ များကို ပေါင်းစပ်ပြီး စား ခြင်း
မသင့်လျော်သော အစားအစာ များကို ပေါင်းစပ်ပြီး စား ခြင်း ကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ဒေါက်တာ မာမက် ဟာရှင်မ်မီ က သတိပေးထားပါတယ်။ သူ့အဆိုအရ လူအများစုက ဒိန်ချဉ်၊ အသုပ် ဒါမှမဟုတ် အချဉ် တွေကို အစားအစာတွေနဲ့ တွဲစားတာကြောင့် အစာခြေပြဿနာတွေကို ဖြစ်စေနိုင်ပြီး အစာအိမ်ထဲမှာ ဓာတ်ငွေ့နဲ့ လေးလံမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ သို့သော် သံလွင်သီးသည် အစားအစာနှင့် တွဲစားရန် တစ်ခုတည်းသော အစားအစာဖြစ်ပါတယ်။
အဆီ နှင့် အချိုများ ကို ရှောင်ရပါမယ်။
အစ်ဖ်သွာရ် (ဝါဖြေ) နှင့် စဲဟ်ရီ အကြား အဆီများသော အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး အဆိုပါ အစားအစာများသည် အစာခြေရန် ခက်ခဲရုံသာမက ရိုဇဟ် ထား ချိန်တွင် ရေငတ်မှုကိုလည်း တိုးမြင့် စေကြောင်း ဒေါက်တာ မာမက် ဟာရှင်မ်မီ က ထပ်လောင်း ပြောကြားခဲ့သည်။
ဤအစားအသောက်လမ်းညွှန်ချက်များကို လိုက်နာခြင်းသည် သင့်အား ရမ်ဒွါန် လမြတ် တွင် ကျန်းမာစွာ နေထိုင်ရန် ကူညီပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်စင်ရန် နှင့် အနားယူရန် အခွင့်အရေးကိုလည်း ပေးနိုင်ပါ တယ်။
.......................................................
END / 251
Your Comment