အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ် အားကစား ကော်မတီ ( အိုင်ပီစီ ) ဝဘ်ဆိုဒ် အရ Andrew Parsons က မတ် ၈ ရက် ၂၀၂၅ တွင် ဆုရရှိသူများကို မှတ်ချက်ပေးရာတွင် အီရန်အမျိုးသား အိုလံပစ် အားကစား ကော်မတီသည် တိုးတက်မှုလမ်းကြောင်းတွင် အတားအဆီးများနှင့် နယ်နိမိတ်များမရှိကြောင်း သက်သေပြခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ် အားကစား ကော်မတီ အမြင်တွင် မည်သည့်အရာမှမဖြစ်နိုင်ကြောင်း ၊ တန်းတူ ညီမျှအခွင့် အရေးများနှင့် အားလုံးပါဝင်နိုင်သော အနာဂတ်ကိုရရှိရန် သော့ချက်ဖြစ်ထားကြောင်း အပြောင်း အလဲသည် လေ့ကျင့်ခန်းနှင့် အားကစားဖြင့် စတင်ကြောင်း Andrew Parsons က ဆက်လက် ပြောကြားခဲ့ပါတယ်။
ထပ်လောင်း၍ အားကစားသည် အတားအဆီးများကို ချေဖျက်ရန် မရှိမဖြစ် ပါဝါရှိပြီး အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းများ တည်ဆောက်ခြင်းဖြင့် လူအားလုံးအတွက် တန်းတူညီမျှ အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
လူတစ်ဦးချင်းစီ၏ ထင်ရှားသော အရည်အချင်းများ မည်သို့ပင်ရှိစေကာမူ အားကစားအားဖြင့် ကျွန်ုပ်တို့သည် ၎င်းတို့ ၏ ခွန်အား၊ ခံနိုင်ရည်ရှိမှုနှင့် စစ်မှန်သော အလားအလာများကို လေးစားကြပြီး အားကစားတွင် ပါဝင်ရန်၊ ၎င်းတို့ ၏ စွမ်းရည်များကို သရုပ်ပြရန်နှင့် လှုံ့ဆော်မှုပေးရန် လူ့အခွင့်အရေးကို ကျွန်ုပ်တို့တန်ဖိုးထားကြောင်း ကိုလည်း ၎င်း မှ ပြောကြားခဲ့ပါတယ်။
မတ်လ ၈ ရက် တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆုပေးပွဲ အခမ်းအနား တွင် အီရန်သည် IPC ၏ အခြားသော အမျိုးသား အိုလံပစ် ကော်မတီများ ၏ ၂၀၂၅ ခုနှစ် အတွက် အမျိုးသမီး အားကစား ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွင် ရွေးချယ်ခံ အဖွဲ့ဝင် အဖြစ် ကြေညာခဲ့ပါတယ်။
ယခင်က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ဂုဏ်ယူစရာကောင်းသော လေးပစ်သမား ဇဟ်ရာ နေအ်မသ်သီ သည် ၂၀၂၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ် အားကစား ကော်မတီ တွင် ဆု ရရှိသူ ဖြစ်ပါ တယ်။
.......................................................
END / 251
Your Comment