အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နောက်ဆုံး တမန်တော်မြတ် ၊ တမန်တော် အပေါင်း ၏ ခေါင်းချုပ် နှစ်ဘဝ သခင် ကျေးဇူးတော် ရှင် ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ ကြင်ယာတော်မွန် ၊ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ၏ မိခင်မွန် အွန်မိုလ်မိုအ်မေနီးန် ဟဇရသ် ခဒီဂျဟ် (စ.အ) နှင့် ပတ်သက်သည့် ပွိုင့် ၁၈ ခု မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၁) – အလ္လာဟ့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အပေါ် ပထမဦးဆုံး အီမာန် ယူလာသည့် အမျိုးသမီး ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၂) – တမန်တော်မြတ် (ဆွ) မိန့်တော်မူထားသည့် « ဂျန္နသ်သီ အမျိုးသမီးများတွင် အကောင်း တကာအကောင်းဆုံးအမျိုးသမီး များ » တွင်ပါဝင်သူ ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၃) – အလ္လာဟ် ဟို အရှင်မြတ် မှ ဂျီဗရာအီးလ် (အ.စ) နှင့် ကိုယ်တော်မြတ် (ဆွ) ထံမှတဆင့် စလာမ် ပေးခြင်း ခံခဲ့ရသည့် အမျိုးသမီး ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၄) – သခင်မကြီး (စ.အ) အလ္လာဟ်အမိန့် ခံယူတော်သွားပြီးနောက် လည်း ကိုယ်တော်မြတ် (ဆွ) မှ သခင်မ အမည်ကို ယူ၍ ချီးမွမ်း ခြင်းဒိုအာ ပြုပေးခြင်း တစ်ခါတစ်ရံ လွမ်းဆွတ်၍ မျက်ရည်ကျခြင်း ကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ကိုယ်တော်မြတ် (ဆွ)ကိုယ်တိုင် (သခင်မကွယ်လွန်ပြီးနောက် မှလက်ထပ်ထားသည့်) မိမိ၏ အခြား ကြင်ယာတော်များ အားမိန့်တော်မူသည်မှာ - « သင်တို့၏ အဆင့်အတန်းသည် သူမ (ခဒီဂျဟ် (စ.အ) ) ထက် မြင့်သည်ဟု မထင်လိုက်ပါနှင့်။ သင်တို့အားလုံး ကာဖေရ် ဖြစ်နေချိန်တွင် သူမ သည် ငါ့ အပေါ် အီမာန် ယူလာသူ ဖြစ်ပါသည်။ သူမ သည် ငါ့၏ သားသမီးများ ၏ မိခင် ဖြစ်ပါသည်။ ဟဇရသ် အာအေရှဟ် ပြောကြားသည်မှာ - မိမိအနေဖြင့် ကိုယ်တော်မြတ် (ဆွ) ၏ ချစ်မြတ် နိုး အယုအယကို ရချင်သည့်အခါ တိုင်း သူမ (ခဒီဂျဟ် (စ.အ) ) အားချီးမွမ်း လေ့ရှိကြောင်း ပြောကြားခဲ့ပါသည်။ »
ပွိုင့် အမှတ် (၅) – သခင်မကြီး (စ.အ) အသက်ရှင်နေသည့် ကာလ တစ်လျှောက် ကိုယ်တော်မြတ် (ဆွ) သည် မည်သည့် အမျိုးသမီးနှင့်မျှ လက်ထပ်တော် မမူခဲ့ချေ။ကိုယ်တော်မြတ် (ဆွ) အား ပြီးပြီးစုံသည့် အချစ်နှင့် ချစ်ခင်မြတ် နိုးခဲ့သူဖြစ်ပြီး ကိုယ်တော်မြတ် (ဆွ)၏ ဖြောင့်မတ် မှန်ကန် မှု အလွဲသုံးစား မလုပ်မှု ကို သိရှိထားသူ ဖြစ်၍ မိမိ ၏ ပစ္စည်းဥစ္စာများ ဖြင့် စီးပွားရေး လုပ်ရန် ကိုယ်တော်မြတ် (ဆွ) ထံ လူလွတ်ပေးခဲ့သူဖြစ်ပါတယ်။ ပြီးနောက် ကိုယ်တော် မြတ် (ဆွ) အနေဖြင့် ဆီးရီးယား သို့ သွား၍ စီးပွား ရေးလုပ်ရန် သဘောတူ စာချုပ် ချုပ်ဆိုပြီး မိမိ ဥစ္စာပစ္စည်း နှင့်အတူ ကျွန် တစ်ဦး အား ကိုယ်တော် မြတ် (ဆွ) အား အပ်ခဲ့သူဖြစ်ပါတယ်။
ပွိုင့် အမှတ် (၆) – ဟဇရသ် ခဒီဂျဟ် (စ.အ) သခင်မကြီးသည် ကိုယ်တော်မြတ် (ဆွ) အတွက် ဇနီးတစ်ဦးမျှသာမကဘဲ စစ်မှန်သည့် ကူညီသူ နှင့် လက်ရုံး အဖြစ် လည်း သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၇) – အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ကိုယ်တော်မြတ် (ဆွ) ၏ ကံဆိုးမိုးမှောင်ကျမှု အများအပြား အား သခင်မကြီး မှ တဆင့် ဖြေရှင်း ပေးခဲ့ပါတယ်။ မိန့်တော် မူသည်မှာ «ဤ အမျိုးသမီး ၏ ပစ္စည်း ဥစ္စာများ သည် တမန်တော်မြတ် (ဆွ) ၏ ရည်ရွယ်ချက်များ တိုးတက်အောင် အတွက် အရေးကြီးသည် လုပ်ဆောင် ချက်များ လုပ်ဆောင် ပေးခဲ့ပါသည်။ »
ပွိုင့် အမှတ် (၈) – အလ္လာဟ် ဟို အရှင်မြတ် ၏ ရစူလ်တမန်တော်မြတ်(ဆွ) အား ထောက်ခံအားပေးသည့် လမ်းကြောင်း တွင် နောက်ဆုံး ထွက်သက်အထိ ကိုယ်ကျိုးစွန့် အနှစ်နာ ခံမှု စတေးမှုများ ကို ပြုခဲ့သူ ဖြစ်ပါ တယ်။
ပွိုင့် အမှတ် (၉) – တမန်တော်မြတ် (ဆွ) သည် သခင်မကြီး ခဒီဂျဟ် (စ.အ) ဝဖါးသ် ဖြစ်တော်မူပြီးနောက် တစ်ခါ တစ်ရံ သိုးအား ကုရ်ဗနီပြု၍ အသား အား သခင်မကြီး ခဒီဂျဟ် (စ.အ) အား အချစ်ထားသူများ အကြား ဝေငှ ပေးပြီး သခင်မကြီး ကို သတိရ ဂုဏ်ပြုခဲ့ပါတယ်။
ပွိုင့် အမှတ် (၁၀) – ဟဇရသ် အာအေရှဟ် မိန့်ကြားသည်မှာ - « ချစ်လှစွာသော တမန်တော်မြတ်ကြီး (ဆွ) သည် သခင်မကြီး ခဒီဂျဟ် (စ.အ) အား မချီးမွမ်း ဘဲ မည်သည့်အခါ မှ အိမ်အပြင် မကြွမြန်းတော်မူကြောင်း ဖြစ်ပါ သည်။ »
ပွိုင့် အမှတ် (၁၁) – ဟဇရသ် ခဒီဂျဟ် (စ.အ) သခင်မကြီး သည် အလှတကာအလှဆုံး ကိုရိုက်ရှ် အမျိုးသမီး ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၁၂) – မက္ကဟ် မြို့တွင် မွတ်စလင်မ်များ သည် ကာဖေရ်များ၏ စီးပွားရေး ပိတ်ဆို့ မှု နှင့် ရင်ဆိုင်ရချိန် သုံးနှစ်တိုင် သခင်မကြီး ခဒီဂျဟ် (စ.အ) ၏ ဥစ္စာပစ္စည်းများဖြင့် ဘဝတည်ဆောက် ခဲ့ကြပါတယ်။
ပွိုင့် အမှတ် (၁၃) – ဟဇရသ် ခဒီဂျဟ် (စ.အ) သခင်မကြီးသည် ထက်မြက်ပြီး ဉာဏ်ပညာရှိပြီး မြင့်မြတ်သော အမျိုး သမီးတစ်ဦး ဖြစ်ပါတယ်။သခင်မကြီးမှ တမန်တော် မိုဟမ္မဒ်(ဆွ) ထံ တစ်စုံတစ်ဦးကို စေလွတ်ကာ ကိုယ်တော် ၏ ဂုဏ်သိက္ခာ၊ မျိုးရိုး၊ ယုံကြည်ထိုက်မှု၊ ရိုးသားမှုနှင့် ကိုယ်ကျင့်တရားများကြောင့် မိမိ အနေဖြင့် စိတ်ဝင် စားလာကြောင်း ပြောကြားစေခဲ့ပါတယ်။ ချစ်လှစွာသော တမန်တော်မြတ် (ဆွ) သည် မိမိ ၏ ဦးလေးများအား ဤကိစ္စ နှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပါတယ်။ ပြီးနောက် ကိုယ်တော်မြတ် (ဆွ) မှ သခင်မကြီး (စ.အ) နှင့် လက် ထပ် အိမ်ထောင်ပြုရန် စီစဥ် စရာများ ကို စီစဥ်ခဲ့ပါတယ်။ ပြီးနောက် သခင်မကြီး နှင့် အိမ်ထောင် ပြု၍ သားသမီးများ ထွန်း ကား ခဲ့ပါတယ်။ သို့သော် ကိုယ်တော်မြတ် (ဆွ) ဝဖါးသ် ဖြစ်တော် မူပြီးနောက် သမီးတော် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) တစ်ပါးတည်း သာ ကျန်ခဲ့ပါတယ်။
ပွိုင့် အမှတ် (၁၄) – သခင်မကြီး ခဒီဂျဟ် (စ.အ) သည် ကိုယ်တော်မြတ် (ဆွ) ချစ်ခင် နှစ်သက်မူ ကို မည်မျှ ခံရသည် ဆိုလျှင် သမိုင်း တွင် လာရှိပါတယ်။ တစ်နေ့ အဖွားအို တစ်ယောက်သည် ကိုယ်တော်မြတ် (ဆွ) ထံ ရောက်ရှိလာပါတယ်။ ပြီးနောက် ကိုယ်တော် ၏ ကျေးဇူးပြုမူကို ခံရပါသည်။ ပြီးနောက် ထွက် သွားသည့် အခါ ဟဇရသ် အာအေရှဟ် မှ ကိုယ်တော်မြတ် (ဆွ) အား မေးမြန်းလေ၏ ဤ အဖွားအို သည် မည် သူဖြစ်ပါသနည်း ? ကိုယ်တော်မြတ် (ဆွ) မိန့်တော် မူပါသည်။ သူမသည် ခဒီဂျဟ် (စ.အ) အသက်ရှင်စဥ်က ငါတို့အိမ်ကို အဝင် အထွက် ပြုခဲ့သူဖြစ်ပါတယ်။ အခုငါတို့ အနေဖြင့် ၎င်းတို့၏ သူငယ်ချင်း ဖြစ်မှု ကို ထိန်းသိမ်း ပေးရမည် ဖြစ်ပါတယ်။ အကြောင်းမှာ ကတိ ပဋိညာဉ် (မိတ်ဆွဖြစ်မှုအပေါ် သစ္စာရှိခြင်း) တည် ခြင်းသည် မနုသာ လူသား၏ အီမာန် မှ ဖြစ်သည့် အတွက် ဖြစ်ပါသည်။
ပွိုင့် အမှတ် (၁၅) – သခင်မကြီး ခဒီဂျဟ် (စ.အ) သည် ကိုယ်တော် မြတ် (ဆွ) အား ၂၅ နှစ်တိုင် ပြုစု ခဲ့ပါတယ်။ သက်တော် ၆၅ နှစ် အရွယ်တွင် ဝဖါးသ် ဖြစ်တော် မူခဲ့ပါတယ်။ တမန်တော်မြတ် (ဆွ) သည် အရွယ် နုပျိုသည့် ကုလား အုတ် အကောင် ၂၀ အား သခင်မကြီး အား မဟာငွေ အဖြစ် ပေးဆောင် ခဲ့ပါတယ်။ နေကဟ် အား ဦးရီးတော် အဘူသွာလစ်ဗ် (အ.စ) မှ ဖတ်ကြားပေးခဲ့ပါတယ်။
ပွိုင့် အမှတ် (၁၆) – နောက်ဆုံးတွင် ကမ္ဘာကြီးသည် နေစရာနေရာမဟုတ်သည့် အတွက်ကြောင့် သခင်မကြီး ခဒီဂျဟ် (စ.အ) သည်လည်း ဝဖါးသ် ဖြစ်တော် မူခဲ့ပါတယ်။ သခင်မကြီး အတွက် ဝမ်းနည်း ကြေကွဲမှု အား ကိုယ်တော်မြတ် (ဆွ) မှ ပြသခဲ့ပါတယ်။ ကိုယ်တော်မြတ် (ဆွ) သခင်မကြီး (စ.အ) အား ဒဖ်နာ ပြုသည့် အချိန် ကဗဲရ်ထွင်း အတွင်းသို့ ဝင်ရောက် ခဲ့ပြီး သခင်မကြီး အား တမ်းတ သတိရ၍ ငို ကြွေးတော်မူခဲ့ပါတယ်။ သခင်မကြီး အား ဟဂျွန်န်ဆိုသည့် အရပ်တွင် ဒဖ်နာ ခဲ့ခြင်း ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၁၇) – သခင်မကြီး ခဒီဂျဟ် (စ.အ) သည် အလ္လာဟ် ဟို အရှင်မြတ် မှ ကိုယ်တော် မြတ် (ဆွ) မှ တဆင့် ဂျန္နသ်သီ ဖြစ်ကြောင်း သတင်းကောင်း ကို ပေးခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ပွိုင့် အမှတ် (၁၈) - သခင်မကြီး ခဒီဂျဟ် (စ.အ) ၏ ကဗဲရ် ခေါင်းရင်းဆီ အေမာမ် ဟိုစိုင်းန် (အ.စ)ကြွမြန်း လာရောက် ပြီး ငိုကြွေးခဲ့ပါတယ်။ပြီးနောက် နမာဇ် ဝတ်ပြုပြီး တောင်းဆုတော်များ ပြုခဲ့ပါတယ်။
ရည်ညွှန်း - ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မော်စသ်ကေရာအသ်သီရေးသားထားသည့်အိုမရာဟ် ဆိုသည့် စာအုပ် ၊စာမျက်နှာ ၄၆ နှင့် မတ်စ်ဂျစ်ဒ် ဂျာမေအ် ကမဲရ်ဘနီဟာရှင်မ် (အ.စ) ရိုင်ဟ်မြို့ အီးတာ စာမျက်နှာ ၏ တင်ပြချက်
****************************************************************
END / 251
Your Comment