၁၅ ဇွန် ၂၀၂၅ - ၁၈:၄၈
အီရန် သမ္မတ နှင့် ပါကစ္စတန်ဝန်ကြီးချုပ် တယ်လီဖုန်း ဖြင့် စကားပြောဆို

ရန်လိုမှုများ ဆက်လက်ရှိနေပါက ဇီယွန်ဝါဒီအစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြင်းထန်ပြီး ပိုမိုအား ကောင်း သည့် တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟု အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီရင်ခံစာအရ မနေ့ညနေက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါကစ္စတန်ရဲ့ ရပ်တည်ချက်ကို ကျေးဇူးတင်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် နဲ့ စနေနေ့ နေ့လည်ပိုင်းတွင် ဖုန်း ပြောခဲ့ ပါတယ်။

လူ့အခွင့်အရေးကို ကာကွယ်ရန် တောင်းဆိုသူများသည် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုကို ထောက်ခံရုံသာမက ယင်းလူမဆန်သော လုပ်ရပ်များအတွက် နောက်ထပ်လည်း အထောက်အကူဖြစ်စေသည့် လက်နက်များနှင့် ကိရိယာများ ပေးဆောင်နေကြောင်း အီရန်သမ္မတက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စစ်ပွဲမှာလည်း ကိုယ်ပိုင်မူတွေရှိပေမယ့် ဇီယွန်ဝါဒီအစိုးရဟာ အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ ဒီမူတွေ ကို ချိုးဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မနေ့ညက ဇီယွန်ဝါဒီအစိုးရရဲ့ တိုက်ခိုက်မှုနဲ့ ရန်လိုမှုတွေအတွက် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တုံ့ပြန်ချက်ကို ရည်ညွှန်းပြီး အီရန် သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က သဘာဝအတိုင်း အီရန်ဟာ ဒီရာဇ၀တ်မှုနဲ့ ကလေးသတ်တဲ့အစိုးရကို မခုခံနိုင်ခဲ့ဘူးဆိုရင် ဇီယွန်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ရမှာဖြစ်ပြီး မိမိတို့ ၏ သိပ္ပံပညာရှင်များ အသတ်ခံနေရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထပ်လောင်းပြီး ဤအဆင့်များသည် ကျွန်ုပ်တို့၏ ကာကွယ်ရေးစွမ်းအားကို အချိန်တိုင်း ခိုင်မာစေရမည်ဟု ရှင်းရှင်းလင်းလင်းပြသထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတယ်လီဖုန်းနဲ့ စကားပြောရာမှာ ပါကစ္စတန် ၀န်ကြီးချုပ်က ပါကစ္စတန် အစိုးရနဲ့ ပါကစ္စတန် ပြည်သူတွေဟာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနဲ့ အတူ ရပ်တည်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ပါကစ္စတန် ၀န်ကြီးချုပ်က အီရန်အပေါ် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုသည် နိုင်ငံတကာ ဥပဒေအားလုံးကို ချိုးဖောက်မှုတစ်ခုဖြစ်ကြောင်း အရပ်သားများ၊ စစ်ဘက်ဆိုင်ရာအရာရှိများနှင့် သိပ္ပံပညာရှင်များ၏ ရှဟာဒသ် (စတေးခံခဲ့ရမှု) အတွက် ဝမ်းနည်းကြောင်းဖော်ပြကာ အီရန်အစိုးရနှင့် ပြည်သူများကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်ဟဂျ်ပြုပြီးပြန်မည့်သူများကို ပြန်လည်ပို့ဆောင်ရေး အစီအစဥ် တွင်  မိမိတို့၏ နိုင်ငံသည် အီရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha