ပါကစ္စတန် ၊ အီရန်
-
ရှာဟီးဒ်ဒေအွန်မသ် ညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အစ်သေဟတ်ဒ်ဒေအွန်မသ် ဖိုရမ်၊ ပါကစ္စတန်၊ ဆပ်ကူရ်၊ ဆင်းန်မှ ဦးဆောင်၍ " ရှာဟီးဒ်ဒေအွန်မသ် ညီလာခံ " ကျင်းပ ခဲ့ပါတယ်။ ညီလာခံ တွင် ဂျာမီယာ အေမာမ် အလီရေဇာ (အ.စ)၊ ဂျလိုဂျီ၊ ခိုင်းရ်ပူရ် မီရ်စ် ၏ ကျောင်းအုပ်ကြီး၊ အလာမဟ် အေနာယသ် ဟိုစိုင်းန် ရေဂျာအီ မှ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်း တွင် အာဇာနည်များ၏ စွန့်လွှတ်အနစ်နာခံမှု၊ နိုင်ငံတော်၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ညီအစ်ကို မောင်နှမများ၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ပြီးနောက် ဇွန်လ ၁၃ ရက်နေ့တွင် လာဟိုး၊ မီနာရ် ပါကစ္စတန် တွင် ကျင်းပမည့် ရှာဟီးဒ်ဒေအွန်မသ် ညီလာခံတွင် ပါဝင်ရန် အီမာန် ယုံကြည်သူများအား အထူးဖိတ်ခေါ်ခဲ့ပါတယ်။
-
ပါကစ္စတန်နိုင်ငံရှိ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် ၏ဇနီး ကွယ်လွန်ပြီးနောက် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ
ပါကစ္စတန်နိုင်ငံရှိ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော်အလာမဟ် ဆယက်ဒ် စာဂျစ်ဒ် အလီ နကဝီ ၏ ချစ်လှစွာသောဇနီး ကွယ်လွန်ပြီးနောက် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ က မရ်ဟွန်မဟ် ၏ ကျန်ရစ်သူများ မိသားစု ဝင်များ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြီးမားသောဆုလာဘ် မြတ်အလ္လာဟ် ချီးမြှင့်ရန် ဒိုအာ တောင်းဆိုခဲ့ပါတယ်။
-
ပါကစ္စတန် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆယက်ဒ် အာစင်မ် မိုနီရ် တီဟီရန်သို့ ရောက်ရှိလာ
ဗိုလ်ချုပ်ကြီး ဆယက်ဒ် အာစင်မ် မိုနီရ် သည် အီရန်နှင့် အမေရိကန်ပြည်ထောင်စုအကြား လက်ရှိတင်းမာမှုများကို အဆုံးသတ် ရန်နှင့် ကွဲပြားမှုများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းမှုများနှင့် ဆက်စပ်၍ တီဟီရန်သို့ ရောက်ရှိ လာခဲ့ပါတယ်။
-
ပါကစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး အေမာမ်ရေဇာ(အ.စ) ၏ ရောင်ဇာတော် မြတ်သို့သွား ရောက် ဇေယာရသ် ပြု ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆယက်ဒ် မိုဟ်စင် ရေဇာ နကဝီ နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့ ညနေ (မေလ ၈ရက်နေ့ ၂၀၂၆ခုနှစ် ) တွင် အေမာမ်ရေဇာ (အ.စ) ၏ မြင့်မြတ်သော ရောင်ဇာတော် မြတ် သို့ သွားရောက်ခဲ့ပါတယ်။
-
အီရန်အတွက် ပါကစ္စတန်လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပထမဆုံးရောက်ရှိလာ
ပါကစ္စတန်ပြည်သူများမှ ပြင်ဆင်ပြီး ပေးပို့ခဲ့သော အရေးပေါ်ဆေးဝါးများနှင့် ခွဲစိတ်ကုသမှုပစ္စည်းများအပါအဝင် ကယ်ဆယ်ရေး အကူအညီများ ပထမဆုံးပေးပို့မှုသည် အီရန်သို့ ရောက်ရှိလာပါပြီဖြစ်ပါတယ်။
-
ကရာချီမြို့တွင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အား အောက်မေ့ဖွယ် ကြီးကျယ်ခမ်းနားသော စုဝေးပွဲတစ်ခု ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ကရာချီမြို့တွင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား အောက်မေ့ဖွယ် ကြီးကျယ်ခမ်းနားသော စုဝေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ သာသနာ့ ပညာရှင်များအပါအဝင် အမျိုးသား၊ အမျိုးသမီးများ ထောင်ပေါင်း များ စွာ တက်ရောက်ခဲ့ကြပါတယ်။
-
ပါကစ္စတန် တိုက်လေယာဉ်များ၏ လုံခြုံရေးစောင့်ကြည့်မှုအောက်တွင် အီရန်ကိုယ်စားလှယ် အစ္စလာမာဘတ်သို့ ရောက်ရှိ
အီရန်နိုင်ငံ၏ အထင်ကရ ကိုယ်စားလှယ် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ပါကစ္စတန်နိုင်ငံသို့ တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး အဆိုပါလေယာဉ်ကို ပါကစ္စတန် လေတပ်၏ တိုက်လေယာဉ်များက လေထဲတွင် လုံခြုံရေးအတွက် အတူလိုက်ပါ စောင့်ကြည့်ပေးခဲ့ပါတယ်။
-
အီရန်ကို ထောက်ခံသည့် အလှူစခန်း ခိုင်းရ်ပူရ် မီးရ်စ်တွင် တက်ကြွစွာ ကျင်းပ + ဓာတ်ပုံများ
ပါကစ္စတန် ခိုင်းရ်ပူရ် မြို့တွင် အီမာန် သက်ဝင် ယုံကြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အီရန်နိုင်ငံရှိ ဖိနှိပ်ခံ ရသူများ အား ကူညီပံ့ပိုးရန် အလှူငွေ စုဆောင်းရေး လှုပ်ရှားမှုတစ်ရပ်ကို စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
-
ပါကစ္စတန်ရှေ့နေများက ကုလသမဂ္ဂ ၏ အီရန်ဆန့်ကျင်ရေး ဆုံးဖြတ်ချက်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်
ပါကစ္စတန်ရှေ့နေနှင့် ဥပဒေကျွမ်းကျင်သူ ၁၇၄၀ ဦးသည် အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ၏ မတရားသောဆုံးဖြတ်ချက်ကို ရှုတ်ချသည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
-
ပါကစ္စတန်နိုင်ငံသား ဇေရယာသ် ပြုသူများ အတွက် အီရန်နိုင်ငံ စစ်သာန် နှင့် ပလူးဂျစ်သာန် ပြည်နယ်တွင် စတုဒိသာ မဏ္ဍပ် ၅၀၀ ကျော် ပြင်ဆင်ထား
အရ်ဗအီးန် မတိုင်မီတွင် ဇေယာရသ် သွားမည့်သူများ ကို လက်ခံ ဧည့်ခံရန် အီရန်နိုင်ငံ စစ်သာန် နှင့် ပလူးဂျစ်သာန် ပြည်နယ် တွင် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မှုများ ပြီးမြောက်နေပြီး ဖြစ်ကြောင်းသိရပါတယ်။
-
အီရန် နိုင်ငံ မှ အရ်ဗအီးန်ဟိုစိုင်းန်နီ အတွက် ပါကစ္စန် နိုင်ငံသား ဇေယာရသ် ပြုသူများ အတွက် အီရန်ဗီဇာ ကိုအခမဲ့ ပြုလုပ်ပေး
သတင်းထူး - IRAN Uurdu သတင်းဌာန ၏ အစီရင်ခံစာအရ ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမာဘတ်ရှိ အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ကောင်စစ်ဝန် ရုံး မှ အရ်ဗအီးန် ဟိုစိုင်းန်နီ အတွက် ပါကစ္စတန် နိုင်ငံ သား ဇေယာရသ် ပြုသူများကို အီရန်ဗီဇာအား အခမဲ့ပြုလုပ်ပေးနေပြီး ဖြစ်ပါတယ်။ ဤအခွင့်အရေးအား အီရန်နိုင်ငံ မှ အကြမ်းဖက် အစ္စရေး နှင့် ၁၂ ရက်တာ တိုက်ပွဲ ဖြစ်စဥ် ပါကစ္စတန် လွတ်တော် မှ အီရန် နှင့် အတူ ရပ်တည်ကြောင်း ကြေညာခဲ့သည် အတွက် ကျေးဇူးတင်သည့် အနေဖြင့် ပြုလိုက် ခြင်းဖြစ်ပါတယ်။
-
အီရန် သမ္မတ နှင့် ပါကစ္စတန်ဝန်ကြီးချုပ် တယ်လီဖုန်း ဖြင့် စကားပြောဆို
ရန်လိုမှုများ ဆက်လက်ရှိနေပါက ဇီယွန်ဝါဒီအစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြင်းထန်ပြီး ပိုမိုအား ကောင်း သည့် တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟု အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပြောကြားခဲ့ပါတယ်။