၃၀ ဇန်နဝါရီ ၂၀၂၆ - ၂၃:၀၁
ပါကစ္စတန်ရှေ့နေများက ကုလသမဂ္ဂ ၏ အီရန်ဆန့်ကျင်ရေး ဆုံးဖြတ်ချက်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်

ပါကစ္စတန်ရှေ့နေနှင့် ဥပဒေကျွမ်းကျင်သူ ၁၇၄၀ ဦးသည် အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ၏ မတရားသောဆုံးဖြတ်ချက်ကို ရှုတ်ချသည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ ကြေညာချက်တွင် အောက်ပါအတိုင်း ရေးသားထားပါတယ်။ ကျွန်ုပ်တို့၊ ရှေ့နေများ၊ တရားသူကြီးများနှင့် ပါကစ္စတန်အစ္စလာမ်သမ္မတနိုင်ငံ၏ ဥပဒေအသိုင်း အဝိုင်းဝင်များ သည် အီရန်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၉ ကြိမ်မြောက် အထူးအစည်းအဝေးသို့ တင်သွင်းသော ဆုံးဖြတ်ချက်၏ စာသားကို ဂရုတစိုက်နှင့် သေချာစွာ စစ်ဆေးပြီးဖြစ်ပြီး ကျွန်ုပ်တို့၏ ဥပဒေရေးရာရပ်တည်ချက်ကို ဤစာဖြင့် ကြေညာပါတယ်။

အထက်ဖော်ပြပါ ဖော်ပြချက်သည် နိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ တရားစီရင်ရေး၏ လွတ်လပ်မှု၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံတကာဥပဒေ၏ အခြေခံတန်ဖိုးများကို တိကျစွာ ထင်ဟပ်ခြင်းမရှိကြောင်း ကျွန်ုပ်တို့ ရှင်းပြအပ်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာချက်များတွင် နိုင်ငံများ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှင့် အများပြည်သူ ဘေးကင်းရေးကို အမြဲထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ခြင်းသည် ဆွေးနွေးမှု၊ တရား ဥပဒေ စိုးမိုးရေး နှင့် အမျိုးသားအချုပ်အခြာအာဏာကို လေးစားမှုတို့မှတစ်ဆင့်သာ ဖြစ်နိုင်ကြောင်း၊ တစ်ဖက်သတ် ပိတ်ဆို့မှုများ၊ စစ်ရေးဆိုင်ရာ အစီအမံများနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများသည် လူသားတို့၏ ဒုက္ခများကို ပိုမိုဆိုးရွားစေပြီး လူ့အခွင့်အရေးများ အပြည့်အဝ အကောင်အထည်ဖော်မှုကို ထိခိုက်စေကြောင်း ကျွန်ုပ်တို့ အလေးပေး ပြောကြားလိုပါကြောင်း ဆိုထားပါတယ်။

ဆက်လက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် မိမိ ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများဘောင်အတွင်း ပြင်ပဖိအား သို့မဟုတ် တရားမဝင် နိုင်ငံခြားဝင် ရောက် စွက်ဖက်မှု မှ ကင်းလွတ်စွာ အုပ်ချုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားကို ကျွန်ုပ်တို့အသိအမှတ်ပြုကြောင်း ဆိုထား ပါတယ်။

ဤကြေညာချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၉ ကြိမ်မြောက် အထူးအစည်းအဝေးတွင် ပါကစ္စတန်ဖက်ဒရယ်အစိုးရကိုယ်စားလှယ် မစ္စတာ မူနစ်ဗ် အဲဟ်မဒ် ၏ အီရန်အပေါ် မတရားသော ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် ကြေငြာချက်ကို ကျွန်ုပ်တို့ အပြည့်အဝ ထောက်ခံကြောင်း ဆို ထားပါတယ်။

ကြေညာချက် တွင် ကျွန်ုပ်တို့သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၊ ၎င်း၏ပြည်သူများနှင့် ၎င်း၏တရားဝင် ခေါင်းဆောင်မှုနှင့်အတူ ကျွန်ုပ်တို့၏စည်းလုံးညီညွတ်မှုကို ဖော်ပြပြီး နိုင်ငံအတွင်း ငြိမ်းချမ်းရေးပြန် လည် ထူထောင်ရန်၊ အများပြည်သူ၏ငြိမ်ဝပ်ပိပြားမှုကိုထိန်းသိမ်းရန်နှင့် တရားမျှတသော တရားစီရင်ရေး လုပ်ငန်း စဉ်များ ကို ပြဋ္ဌာန်းရန် ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ဆိုထားပါတယ်။

တစ်ချိန်တည်းမှာပင်၊ တရားဥပဒေစိုးမိုးရေး၊ အီရန်၏ အမျိုးသားအချုပ်အခြာအာဏာကို လေးစားမှုနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးတို့အတွက် ကျွန်ုပ်တို့၏ စုပေါင်းကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ဆိုခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha