၈ ဇွန် ၂၀၂၆ - ၁၆:၅၈
ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးသို့ မြန်မာမွတ်စလင်မ်များ သွားရောက်တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံသား မြန်မာမွတ်စလင်မ်များဟာ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကနဦးအစီအစဉ်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးရှိ အီရန်သံအမတ်ကြီးအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံသား မြန်မာမွတ်စလင်မ်များ (ရှီအဟ်+ စွန်နီ ) ဟာ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကနဦးအစီအစဉ်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးရှိ အီရန်သံအမတ်ကြီးအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အစ္စရေးနှင့် အမေရိကန်တို့ရဲ့ အီရန်နိုင်ငံအပေါ် အကြမ်းဖက်ကျူးကျော် တိုက်ခိုက်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့်  တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံရှိ အပြစ်မဲ့ အရပ်သားပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးရမှုအပေါ် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ဆန္ဒပြုထုတ်ဖော်ခဲ့ကြပါတယ်။
ဒါ့အပြင် မိမိတို့အနေနဲ့ အီရန်ပြည်သူများနှင့်အတူ ထပ်တူရပ်တည်နေပြီး၊ အီရန်ပြည်သူများအတွက် တတ်နိုင်သရွေ့ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပံ့ပိုးကူညီဆောင်ရွက်ပေးလိုတဲ့ သဘောထားတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးသို့ မြန်မာမွတ်စလင်မ်များ သွားရောက်တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးသို့ မြန်မာမွတ်စလင်မ်များ သွားရောက်တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးသို့ မြန်မာမွတ်စလင်မ်များ သွားရောက်တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးသို့ မြန်မာမွတ်စလင်မ်များ သွားရောက်တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံရုံးသို့ မြန်မာမွတ်စလင်မ်များ သွားရောက်တွေ့ဆုံပြီး စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

အဆိုပါ သွားရောက်တွေ့ဆုံခဲ့ကြတဲ့ မြန်မာမွတ်စလင်မ်ကိုယ်စားလှယ်အဖွဲ့က အီရန်နိုင်ငံရှိ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများကို အီရန်သံအမတ်ကြီးထံသို့ တရားဝင် ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

ဓာတ်ပုံများနှင့် သတင်း  - Aung Myint Min / Tin Mg Than Tmt

ဤကဲ့သို့ လှူဒါန်းပေးခဲ့ကြသော မြန်မာမွတ်စလင်မ်ကိုယ်စားလှယ်အဖွဲ့ (ရှီအဟ် + စွန်နီ) အား မိမိတို့ကိုယ်တိုင်သာမက အီရန်နိုင်ငံ၏ တာဝန်ရှိသူများနှင့် အီရန်ပြည်သူလူထုကိုယ်စားလည်း အထူးကျေးဇူးတင်ရှိကြောင်း အဗ်နာ သတင်းဌာနမှ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha