အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူသားချင်းစာနာမှုကို လွန်စွာထိထိရောက်ရောက် ဖော်ပြသည့် ဖြစ်ရပ်တစ်ခုတွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် မိုဟမ္မဒ် အစ်ဟာက် ဖယာဆ် နဂျဖီ ကို နှလုံးရောဂါအတွက် အလွန်ရှုပ်ထွေးသော ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ရန် နှစ်အနည်းငယ်အကြာက လန်ဒန်မြို့သို့ ပို့ဆောင်ခဲ့ရပါတယ်။ ထိုအချိန်တွင် အီရတ်နိုင်ငံ၌ ထိုကဲ့သို့သော ဆေးဘက်ဆိုင်ရာ အဆင့်မြင့် ဝန်ဆောင်မှုများ မရရှိသေးသောကြောင့် ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုကို အတွေ့အကြုံပြည့်ဝသော တရုတ်ဆရာဝန်တစ်ဦးက တာဝန်ယူ ကြီးကြပ်ခဲ့ပါတယ်။
ခွဲစိတ်မှု အောင်မြင်စွာပြီးဆုံးပြီးနောက် ဆရာဝန်က တင်းကျပ်သော ဆေးဘက်ဆိုင်ရာ အကြံပြုချက်များပေးပြီး “အာယာသွလ္လာဟ် အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုအားလုံးကို လုံးဝ ရပ်နားထား သင့်သည်” ဟု ပြောကြားခဲ့ပါတယ်။
သို့သော် နောက်ပိုင်းတွင် ဆရာဝန်အတွက် မမျှော်လင့်ထားသော အကြောင်းအရာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အာယာသွလ္လာဟ် ၏ အနီးကပ်လိုက်ပါသူများက “အာယာသွလ္လာဟ် သည် မိမိ၏ ကျောင်းသားများအား နေ့စဉ် သင်ကြား ပို့ချခြင်း နှင့် ပညာရေးဆိုင်ရာ သုတေသနများကို မရပ်နားနိုင်ပါ” ဟု ပြောကြားသောအခါ ဆရာဝန် သည် အလွန်အံ့ဩသွားပြီး မေးမြန်းခဲ့ပါတယ်။
“ဒီလောက်အသက်ကြီးနေပြီဖြစ်ပေမယ့်သူဟာ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေမှာ ဆက်လက် လုပ် ဆောင် နေသေးတာလား?”
အာယာသွလ္လာဟ် သည် မိမိ၏ ရောဂါနှင့် အသက်အရွယ်ကြီးလာမှုကြားကပင် ဗဟုသုတဖြန့်ဝေခြင်းနှင့် သာသနာ ပညာ သင်ကြားပို့ချခြင်းအတွက် ဘယ်လောက်တက်ကြွသန်မာစွာ ဆက်လက် ကြိုးစားနေသည်ကို သိရှိသည့် အခါ ဆရာဝန်က အလွန်ကြီးမြတ်ပြီး မမျှော်လင့်ထားသော ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ ခွဲစိတ်ကုသမှု အတွက် ကျသင့်သော အခကြေးငွေ အားလုံးကို လုံးဝ မယူတော့ဘဲ အခမဲ့ ပြုခဲ့ပါတယ်။
ဤဆုံးဖြတ်ချက်သည် အာယာသွလ္လာဟ် ၏ မြင့်မြတ်သော ကိုယ်ရည်ကိုယ်သွေးအပေါ် လေးစားမှု၊ ထို့ပြင် ပညာနှင့် ပညာရှင်များ၏ တန်ဖိုးကို အသိအမှတ်ပြုခြင်းကြောင့် ဖြစ်ပါတယ်။ဆရာဝန်သည် မိမိရှေ့တွင် ရှိနေသော ဤဘာသာရေးပညာရှင်၏ အသက်တာတစ်လျှောက်လုံး သင်ကြားရေးနှင့် လူ့အဖွဲ့အစည်းကို ပြုစုထိန်းသိမ်းပေးခြင်းကို မရပ်တန့်ခဲ့သည့် အရည်အသွေးကို မြင်တွေ့ခဲ့ပါတယ်။
သင်ခန်းစာ
အမှန်တကယ်သော ပညာနှင့် သန့်ရှင်းသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ဝန်ဆောင်မှုသည် လူတိုင်း၏ နှလုံးသားထဲတွင် လေးစားမှုကို ဖြစ်ပေါ်စေတတ်သည်။ ထိုအရာ၏ရှေ့တွင် လူမျိုး၊ ဘာသာစကားနှင့် ပထဝီဝင် ကွာခြားမှုများပင် မရှိသကဲ့သို့ ဖြစ်သွားပါတယ်။
အလ္လာဟ်အရှင်မြတ်သည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် မိုဟမ္မဒ် အစ်ဟာက် ဖယာဆ် နဂျဖီ အပေါ် မိမိ၏ အကန့်အသတ်မရှိသော ကရုဏာတော်ကို ချီးမြှင့်ပါစေ။ လူသားချင်းစာနာမှုရှိသူတိုင်း ၊ ပညာကို လေးစား တန်ဖိုးထားသူတိုင်း ပညာရှင်ကို လေးစား ဂုဏ်ပေးသူတိုင်း ကိုလည်း အကောင်းဆုံး ဆုလာဘ်များ ချီးမြှင့်ပါစေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment