အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Saharnews ၏အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံသား အရ်ဗအီးန် ဇေယာရသ် သွားမည့်သူများ အတွက် အီရန်နိုင်ငံ စစ်သာန် နှင့် ပလူးဂျစ်သာန် ပြည်နယ်တွင် စတုဒိသာ မဏ္ဍပ် ၅၀၀ ကျော် ပြင်ဆင်ထား ကြောင်း သိရပါ တယ်။
အရ်ဗအီးန် ရောက်ရှိလာရန် နီးကပ်လာ၍ ဇေယာရသ် သွားမည့်သူများ ကို လက်ခံ ဧည့်ခံရန် အီရန်နိုင်ငံ စစ်သာန် နှင့် ပလူးဂျစ်သာန် ပြည်နယ် တွင် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မှုများ ပြီးမြောက်နေပြီး ဖြစ်ကြောင်းသိရပါတယ်။
ပါကစ္စတန် နိုင်ငံသား ဇေယာရသ် ပြုသူများ ကို ကြိုဆို ဧည့်ခံ ဖို့အတွက် ဒီနှစ်မှာ အီရန် နိုင်ငံ ၏ မြို့ကြီး ၈ မြို့နှင့် နယ်စပ် ခရိုင် ၃ ခု တွင် စတုဒိသာ မဏ္ဍပ် ၅၀၀ ကျော် ပြင်ဆင်ထား ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်၏ အလှူငွေများဌာနနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ အဆိုအရ အဆိုပါ စတုဒိသာ မဏ္ဍ များသည် ဇေယာရသ်ပြုသူများ အား နေရာထိုင်ခင်း ၊ အစားအသောက်၊ ဆေးဝါးကုသရေးနှင့် အခြားသော အထောက် အကူပစ္စည်းများ ပံ့ပိုးပေးသွားမည် ဖြစ်ပါတယ်။
ဒေသခံပြည်သူများသည်လည်း အဆိုပါဝန်ဆောင်မှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
အစီရင်ခံစာအရ ယခုနှစ်တွင်လည်း ပါကစ္စတန်နိုင်ငံမှ ပညာရှင်နှင့် ဘာသာပြန်ဆရာ ၇၀ ခန့်သည် ဇေယာရသ် ပြုသူများ နှင့်အတူ လိုက်ပါရန်နှင့် ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုပေးရန်အတွက် ပြည်နယ်၏ နယ်ပယ် အသီးသီးတွင် ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment