အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏အဆိုအရ အီဂျစ်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အရှ်ရှနာဝီ သည် သမ္မတ အဗ်ဒိုလ်ဖသာဟ် အလ်စီစီ နှင့် အဗ်ဒွလ္လာဟ် ၂ တို့အကြား တယ်လီဖုန်းပြောဆိုမှုတွင် ဖော်ပြခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦး သည် ပါလက်စတိုင်း၏ လက်ရှိအခြေအနေ၊ ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး ကြိုး ပမ်း မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း မိုဟမ္မဒ် အရှ်ရှနာဝီ က ပြောကြားခဲ့ပါတယ်။
ဒီအခါမှာ နှစ်ဘက်စလုံး က ပါလက်စတိုင်းများကို သူတို့၏ မြေကနေ ရွှေ့ပြောင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို မိမိတို့၏ ပြင်းထန်တဲ့ ဆန့်ကျင်မှုကို အလေးပေး ပြောကြားခဲ့ပါတယ်။
အီဂျစ်သမ္မတနှင့် ဂျော်ဒန်ဘုရင်တို့သည် ဂျေရုဆလင်ကို မြို့တော်အဖြစ် ၁၉၇၆ ခုနှစ် နယ်နိမိတ်အလိုက် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးအာမခံချက်ဖြစ်ကြောင်း မိုဟမ္မဒ် အရှ်ရှနာဝီ က ပြောကြားခဲ့ပါတယ်။
ပြီးနောက် အဗ်ဒိုလ်ဖသာဟ် အလ်စီစီ နှင့် အဗ်ဒွလ္လာဟ် ၂ တို့သည် အီဂျစ် နှင့် ဂျော်ဒန် နှစ်နိုင်ငံကြား မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။
.......................................................
END / 251
Your Comment