အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် အဇာဘိုင်ဂျန် သမ္မတ အေလ်ဟာမ်အလီ အွတ်ဖ် ၏ ဖိတ်ကြားချက်အရ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် အဇာဘိုင်ဂျန် နိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် နိုင်ငံအချို့၏ အကြီးအကဲများနှင့် လည်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါတယ်။
နောက်ဆုံးရ သတင်းများအရ အီရန် သမ္မတ ဒေါက်တာ ဘေဇစ်ရှ် ဂီယန်း သည် ပါကစ္စတန် ၀န်ကြီးချုပ် ရှာဗါဇ် ရှရစ်ဖ် နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါတယ်။
ECO ထိပ်သီးအစည်းအဝေးသို့ အဇာဘိုင်ဂျန်၊ ပါကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ကာဇက်စတန် နိုင်ငံအကြီးအကဲများလည်း တက်ရောက်မည်ဖြစ်ပါတယ်။
အစည်းအဝေးသို့ မထွက်ခွာမီ အီရန် သမ္မတ ဒေါက်တာ ဘေဇစ်ရှ် ဂီယန်း က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပြီး ယခုတွေ့ဆုံမှုတွင် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်၊ ဒေသတွင်း အခြေအနေ တိုးတက်ရေး၊ ငြိမ်းချမ်းရေး ထူထောင်ရန်နှင့် အိမ်နီးချင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး လမ်းခင်းပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေသတွင်း ရှိ နိုင်ငံများ ကြား စည်းလုံးညီညွတ်မှု အားကောင်းလေလေ ရန်သူ (အမေရိကန် ၊အစ္စရေး) တို့ အေနဖြင့် ဒေသတွင်း ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာအောင် လုပ်နိုင် မည် မဟုတ်ကြောင်း သတိပြုရမည် ဖြစ်ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment