၂၀ ဧပြီ ၂၀၂၅ - ၀၈:၄၇
ဂါဇာကမ်းမြောင်တွင် တသ်ရက်တည်း  ၆၀ ကျော် ရှဟီးဒ် ဖြစ်

ဂါဇာကမ်းမြှောင်တွင် နယ်ချဲ့ အကြမ်းဖက် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ခန်းယူနွစ် မှဖြစ်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကြာသေးမီက ကျူးကျော်ဝင်ရောက်မှု ၃၃ ရက်မြောက်နေ့တွင် နယ်ချဲ့ အကြမ်းဖက် အစ္စရေး စစ်လေယာဉ်များ က ဂါဇာကမ်းမြှောင်ဒေသအသီးသီးကို ဆက်လက်တိုက်ခိုက်ခဲ့ရာ လူအများအပြားသေဆုံးပြီး ဒဏ်ရာ ရရှိခဲ့ ပါတယ်။

ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဇာနည် ဦးရေမှာ ၆၀ ကျော် ရှိပြီး ထက်ဝက်ကျော်သည် ဂါဇာကမ်းမြောင် တောင်ပိုင်းတွင် ရှိသော ခန်းယူနွစ် မှ ဖြစ်ကြောင်း  သိရပါတယ်။

ခန်းယူနွစ် အနောက်ဘက် အလ်မဝါဆီ ဧရိယာတွင် ဒုက္ခသည် တဲများကို ပစ်မှတ်ထား တိုက်ခိုက်မှု ကြောင့် ပါလက်စတိုင်း နိုင်ငံသား ငါးဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း Wafa သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

အလားတူ ဒေသရှိ အဘူနေဒါ မိသားစုမှ စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံနေကြသော အခြားတဲများကို တိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦးနှင့် မိန်းကလေးတစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံသားတစ်ဦးသေဆုံးမှုနှင့် ကလေးငယ် ၁၅ ဦးအပါအဝင် အခြားအယောက် ၂၀ ဒဏ်ရာရရှိခဲ့ကာ အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ အနောက်ပိုင်း ခန်းယူနွစ် စခန်းရှိ အဘူ ရှမာလေဟ် မိသားစု၏နေအိမ်တွင် အကြမ်းဖက် အစ္စရေးလေတပ်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဂါဇာမြို့တော်တွင် ဇီယွန်ဝါဒီတပ်များက မြောက်ပိုင်းရှိ Beit Lahia ရှိ Al-Atatrah ဧရိယာရှိ နိုင်ငံသားအုပ်စုကို တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ပြီး ၎င်းတို့အားလုံးကို အင်ဒိုနီးရှားဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

ဇာအနောက်ဘက်ရှိ အဘူဟဆီရဟ် လမ်းတွင် အခြားတဲများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် အရပ်သား အချို့လည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha