အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ ဖော်ပြချက်အရ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် မိမိ ၏ သောင်းကျန်း သူမူဝါဒကို တစ်ဖန် ထပ်မံပြောကြားခဲ့ပြီး တဲလ်အဗစ်သည် ဟားမတ်စ်များကို လုံးလုံးလျားလျား ချေမှုန်းပစ်ကာ အစ္စရေး အကျဉ်းသားအားလုံး ပြန်မလာမချင်း တဲလ်အဗစ်တွင် မိမိ ၏စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အကြမ်းဖက်သမား နေတန်ရဟု က ဤအဆင့်ကို စစ်ပွဲ၏ အဆုံးအဖြတ်အလှည့်အပြောင်းတစ်ခုဟု ခေါ်ဆိုခဲ့ပြီး စစ်ပွဲ၏ပန်းတိုင်များအားလုံး ပြီးမြောက်နိုင်စေရန် စိတ်ရှည်သည်းခံမှုနှင့် ဇွဲလုံ့လရှိရန် တောင်းဆိုခဲ့ပါတယ်။
ဇီယွန်ဝါဒီ ၀န်ကြီးချုပ်က အပစ်အခတ်ရပ်စဲရေး အခြေအနေများကို ပယ်ချခဲ့ပြီး ဟားမတ်စ်ရှေ့ မှာ ဦးညွှတ်ခြင်း သည် အစ္စရေး၏ လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး မိမိတို့ အနေဖြင့် ဟားမတ်စ် ၏ တောင်းဆိုချက်များကို ကျွန်ုပ်တို့လက်ခံပါက ကျွန်ုပ်တို့၏ စစ်ရေးရည်မှန်းချက်အားလုံးတွင် ကျရှုံးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
အကြမ်းဖက်သမား နေတန်ယာဟုက အစ္စရေးနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုသူများကို မိမိ တို့ ရန်သူ၏ စိတ်ဓာတ် စစ်ဆင်ရေးကို အမှန်တကယ် အားဖြည့်ပေးနေသည်ဟု ဝေဖန် စွပ်စွဲ ခဲ့ပါတယ်။
အကြမ်းဖက်သမား နေတန်ယာဟုသည် အီရန် အပေါ်လည်း အလွန်ဒေါသ ထွက်ပြပြီး အီရန်အား နျူလက်နက် မရရှိစေရန် တားဆီးရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment