အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အဆိုအရ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၏ အဖွဲ့ဝင်နိုင်ငံများ၏ အကြိမ် (၂၀) မြောက် တရားစီရင်ရေးစနစ် အကြီးအကဲများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၏ ဟာန်ဂဇဟူ မြို့တွင် ရောက်ရှိနေသော အီရန်တရားသူကြီးချုပ် H.I ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ သည် ယနေ့မွန်းလွဲပိုင်းတွင် ပါကစ္စတန် တရားသူကြီးချုပ်နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါတယ်။
အီရန် တရားသူကြီးချုပ်က ပါကစ္စတန် နှင့် အီရန် ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်အသီးသီးတွင် ပေါင်းစပ် ညှိနှိုင်းရေး ကို အလေးပေးပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နိုင်စွမ်းများနှင့် အတွေ့အကြုံများ ဖလှယ်ခြင်း ဖြင့် နှစ်နိုင်ငံ အကျိုးစီးပွားကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီ အစည်းအဝေးမှာ အီရန်တရားသူကြီးချုပ်က ဂါဇာမှာ ဇီယွန်ဝါဒီအစိုးရရဲ့ ရိုင်းစိုင်းတဲ့ ရာဇ၀တ်မှုများ နှင့် ပတ်သက် ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေရဲ့ နှုတ်ဆိတ်မှုကို ဝေဖန်ခဲ့ပါတယ်။
ဤတွေ့ဆုံမှုမှာ အီရန် နှင့် ပါကစ္စတန်ကြား နယ်ပယ်အသီးသီးမှာ ညီရင်းအစ်ကို ဆက်ဆံရေးကို ပြောကြားခဲ့ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်တွေမှာ ပါကစ္စတန်ရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို အီရန်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဤတွေ့ဆုံမှုမှာ ပါကစ္စတန်တရားသူကြီးချုပ် ဃာဇီ ယဟ်ယာ အာဖရီဒီ က အီရန်တရားစီရင်ရေးစနစ်နဲ့ လိုက်လျောညီ ထွေဖြစ်အောင် အမြဲတမ်းစဉ်းစားနေတယ်လို့ ပြောပါ တယ်။
ပါကစ္စတန်နိုင်ငံသို့ လာရောက်ရန် အီရန်တရားသူကြီးချုပ်အား တရားဝင်ဖိတ်ကြားခဲ့ပြီး ပါကစ္စတန် နှင့် အီရန် တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အမြင့်ဆုံးတရားစီရင်ရေးအာဏာပိုင်အဆင့်တွင် အကန့် အသတ်မရှိသင့်ဘဲ လက်ရှိစိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် နှစ်နိုင်ငံတရားရေးအရာရှိများ အတူတကွထိုင်ကာ ပူးပေါင်းမဟာဗျူဟာတစ်ရပ်ကို ဆွေးနွေးသင့်သည်ဟု ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment