အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂါဇာကမ်းမြှောင်ရှိ ကွင်းပြင် ဆေးရုံများ ဒါရိုက်တာ ဒေါက်တာ မရ်ဝါန် အလ်ဟမ်ဆ် က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများသည် ယင်းဒေသရှိ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ် ထားဆဲဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ဂါဇာရှိ ကွင်းပြင် ဆေးရုံများ ညွှန်ကြားရေးမှူးက ယခုအချိန်အထိ ဆေးရုံနှင့် ဆေးဘက်ဆိုင်ရာ စင်တာ ၃၈ ခုကျော် လုံးလုံးလျားလျား ပျက်စီးသွားကြောင်း အဆိုပါတိုက်ခိုက်မှုများကြောင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၁၄၀၀ ကျော် သေဆုံးပြီး ၃၈၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေးစနစ်သည် လုံးဝပြိုကျလုနီးပါးဖြစ်ကာ အခြေခံဆေးဘက်ဆိုင်ရာ ကိရိယာများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ဆရာဝန်များသည် လူနာများအတွက် ဦးစားပေး ကုသရေးစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ခဲ့ရပြီး ဒဏ်ရာရသူ အများအပြားမှာ ဆေးဘက်ဆိုင်ရာ အထောက်အကူများ မရှိခြင်းကြောင့် ကုသမှုမခံယူဘဲ ကျန်ရစ်ခဲ့ကြောင်း ပါလက်စတိုင်း ဒါရိုက်တာ ဒေါက်တာ မရ်ဝါန် အလ်ဟမ်ဆ် က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာရှိ ကွင်းပြင်ဆေးရုံများ၏ ဒါရိုက်တာက အစ္စရေးအစိုးရသည် မကြာသေးမီက အမေရိကန်ထံမှ အဆင့်မြင့်လက်နက်များနှင့် ဒုံးကျည်များအသုံးပြု၍ အရပ်သားများကို မကြုံစဖူး ထိခိုက်ပျက်စီးစေခဲ့ကြောင်း၊ ယင်းအခြေအနေများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး ပျံ့နှံ့နေသော ကျန်းမာရေးဆိုင်ရာ ဘေးဥပဒ်အန္တရာယ်ကို ဖြစ်စေသည်ဟု ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment