၃ မေ ၂၀၂၅ - ၁၈:၅၃
အီရန် နျူကလီးယား အစီအစဉ်ကို ပြင်သစ်က စစ်ရေးအရ ဖြေရှင်းလျင် ဖြေရှင်း နိုင်မည် မဟုတ်ကြောင်း ပြောကြား

အီရန်နျူကလီးယား အစီအစဉ်ကို ဖြေရှင်းရန် စေ့စပ်ညှိနှိုင်း ဆွေးနွေး မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ထပ်မံ အလေးပေး ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ အီရန်နှင့် အမေရိကန်တို့သည် ယခုအချိန်အထိ သွယ်ဝိုက်သော စေ့စပ် ညှိနှိုင်း ဆွေးနွေးမှု သုံးကြိမ် ပြုလုပ်ထားသော်လည်း စတုတ္ထအကြိမ်ကို ရွှေ့ဆိုင်းထားပါတယ်။ အသစ်ကျင်းပမည့် နေ့ရက် နှင့် နေရာကို မသတ်မှတ်ရသေးပေ။ သံတမန်လမ်းကြောင်းများမှတစ်ဆင့် နှစ်ဘက်ကြား ကွဲလွဲမှုများကို ဖြေရှင်းရန် တောက်ပသော မျှော်လင့်ချက်များရှိကြောင်း သိရပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က တီဟီရန်နှင့် ဝါရှင်တန်ကြား ဆွေးနွေးပွဲကို ၎င်း၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ကြိုဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး က တီဟီရန်နှင့် ဝါရှင်တန်အကြား ကွဲပြားမှုများကို သံတမန် နည်းလမ်း အရ ဖြေရှင်းရန် ပဲရစ်က ထောက်ခံကြောင်း တကယ်တော့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ဆန့်ကျင်တဲ့ စစ်ရေးအရ အရေးယူမှု ကုန်ကျစရိတ်ဟာ အလွန်မြင့်မားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးက ပဲရစ်၏ရပ်တည်ချက်မှာ အီရန်၏နျူကလီးယားအစီအစဉ်အတွက် စစ်ရေးဖြေရှင်းချက်မရှိဟု အလေးပေးပြောကြားခဲ့ပြီး ကွဲလွဲမှုအားလုံးကို စေ့စပ်ညှိနှိုင်း ဆွေးနွေး မှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အီရန်နှင့် ဥရောပ ကိုယ်စားလှယ်အဖွဲ့တို့ကြား ဖျက်သိမ်းလိုက်သော အစည်းအဝေးနှင့် ပတ်သက်၍ အစီအစဉ်အရ စတုတ္ထအကြိမ်မြောက် အီရန်နှင့် အမေရိကန် တာဝန်ရှိသူများ ရှေ့မှောက်တွင် နည်းပညာဆိုင်ရာ ညှိနှိုင်း အစည်း အဝေးတစ်ရပ်ကို ကျင်းပရန် စီစဉ်ထားသော်လည်း စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် နည်းပညာဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ရန် မလိုအပ်တော့ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha