အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူများ ကို သွယ်ဝိုက် သတ်ဖြတ်နေသည့် မဇ်လူးမ် ပါလက်စတိုင်း ဘက်က ရပ်တည်ပေးသည့် ဟူသီ (ဟူစီ ) ယီမင် အား တိုက်ရိုက် သတ်ဖြတ်နေသည့် အမေရိကန် ၏ အကြမ်းဖက် လိုင်စင်ရ သမ္မတ ထရမ့် အား ဆော်ဒီ မှ လှိုက်လှိုက် ကြိုဆို ပြခဲ့ပြီး အလွန် အကျည်းတန်သည့် လုပ်ရပ် ကို လုပ်ဆောင် ခဲ့ပါတယ်။
ကာတာ ဘုရင် ဘက်မှလည်း နန်းတော်နှင့် တူသည့် လေယာဥ် ၊ ကမ္ဘာ့အဖိုးတန်ဆုံးလက်ဆောင်စာရင်း ဝင် ၊ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ဇိမ်ခံ လေယာဥ် အား အကြမ်းဖက် လိုင်စင်ရ သမ္မတ ထရမ့် အား လက်ဆောင် ပေးခဲ့သည့် လုပ်ရပ်သည် အလွန် အကျည်းတန် ပြီး မွတ်စလင်မ် များ အတါဥ် အလွန် ရှက်စရာ လုပ်ရပ် ဖြစ်ပါတယ်။
ဤမွတ်စလင်မ် အာဏာ ပိုင်များ သည် အစ္စလာမ် နှင့် မွတ်စလင်မ်များ အတွက် သောက မရှိကြောင်း ၊ ကိုယ်ချင်းစာ စိတ် မရှိ ကြောင်း ၊ မိမိတို့ အာဏာ တည်မြဲဖို့သာ အဓိက အာရုံထားကြောင်း သိရှိရမည် ဖြစ်ပါတယ်။ အကြောင်း မှာ ပါလက်စတိုင်း ဂါဇာ ရှိ ငတ်မွတ်ခေါင်းပါး မတရား အသတ် ခံနေရသည့် အပြစ်မဲ့ ပြည်သူများ နှင့် မဇ်လူမ် ပါလက်စတိုင်း ဘက်မှ ရပ်တည်ပေးခဲ့ ဟဇ်ဘွလ္လာဟ် နှင့် ဟူသီ (ဟူစီ) ယီမင် ကို မတရား ဗုံးကြဲ သတ်ဖြတ် နေသည့် နိုင်ငံ နှင့် ခေါင်းဆောင် ကို လှိုက်လှိုက် ကြိုဆို ခြင်း ကမ္ဘာ့ အဖိုးတန်ဆုံး လက်ဆောင် စာရင်း ဝင် လေယာဥ် ကို လက်ဆောင်ပေး ခြင်းတို့ကို ပြုနေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
စစ်မှန်သည့် မွတ်စလင်မ်တိုင်း ၊ အစွဲအလန်း ကင်းသူတိုင်း ၊ တရားမျှတပြီး ၊အီမာန် ရှင်တိုင်း ဤမွတ်စလင်မ် အာဏာ ပိုင်များ၏ လုပ်ရပ်များသည် အလွန် အကျဉ်းတန်ပြီး ရှက်စရာ လုပ်ရပ် ဖြစ်ကြောင်း ခံယူကြမည် ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment