အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာ အရ ယင်းထုတ်ပြန်ချက်တွင် အီရန်ပါလီမန်၊ အစ္စလာမ်မစ် အတိုင်ပင်ခံ လွတ်တော် အဖွဲ့ဝင်များက အီရန်နိုင်ငံ၏ နိုင်ငံတကာမူများနှင့် သဘောတူညီချက်များကို ဆက်လက် လိုက်နာကြောင်း အလေးပေးပြောကြားခဲ့ပြီး လာမည့် IAEA အစီရင်ခံစာတွင် အီရန်ပြည်သူများ၏ တရားဝင် နှင့် တရားဝင်အခွင့် အရေးများကို ကျူးကျော်ဝင်ရောက်လာပါက သို့မဟုတ် အီရန်အကျိုးစီးပွား၏ရန်သူများဘက်သို့ တိမ်းရှောင်သွား ပါက နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီသည် အီရန်ပြည်သူများ၏ ခိုင်မာသော ဆုံးဖြတ်ချက် နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
အီရန်ပါလီမန်အမတ်များက နိုင်ငံတကာဥပဒေအရ ၊ IAEA နှင့် NPT အဖွဲ့ဝင်များအနေဖြင့် နျူကလီးယား စက်မှုလုပ်ငန်း တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် မည်သည့် အတားအဆီးမှ မပြုသင့်ကြောင်း သိပ္ပံ၊ ဆေးဘက်ဆိုင်ရာ၊ စက်မှုနှင့် အခြားငြိမ်းချမ်းသောနယ်ပယ်များတွင် လိုအပ်သောကြောင့် ယူရေနီယံ ၉၃ ရာခိုင်နှုန်း အထိ သန့်စင်ပိုင်ခွင့်အပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်ပါလီမန်အဖွဲ့ဝင်များက IAEA အကြီးအကဲ Rafael Grossi အား အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ ရာဇ၀တ် မှု ကျူးလွန် နေသည့် အစ္စရေး အစိုးရ နှင့် လူသတ်ခေါင်းဆောင်များနှင့် မကောင်းဆိုးဝါးဂိုဏ်းခေါင်းဆောင် အမေရိကန်ပြည်ထောင်စု၏ လက်သုံး လက်နက်သဖွယ်ဖြစ်လာခြင်းမပြုရန်လည်း သတိပေးခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ပါလီမန်အမတ်များ သည် အီရန်ပြည်သူများ၏အခွင့်အရေးများကို ချိုးဖောက်ဝင်ရောက်လာပါက ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြတ်သား စွာ ပြောကြားခဲ့ကြပါတယ်။
.......................................................
END / 251
Your Comment