၁၅ မေ ၂၀၂၅ - ၁၇:၃၂
ကုရ်အာန် ၏ ဘာသာပြန်များ ဖြင့် ဟဂ်ျဝါဒဖြန့်ချိရေးစင်တာများ ကို မွမ်းမံ စီစဉ်မှုများ ပြုလုပ်

ဆော်ဒီအာဏာပိုင်များသည် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် အနီးတစ်ဝိုက်တွင် ဟာဂျီလောင်း များအတွက် သတင်း အချက်အလတ်စင်တာ ၁၀၀ ကျော်ကို တည်ထောင်ပြီး အဆိုပါစင်တာများကို ဘာသာစကားအမျိုးမျိုးဖြင့် ကုရ်အာန်ဘာသာပြန်များဖြင့် မွမ်းမံ စီစဥ် ပေးထားကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna News နှင့်  Tawasul News ၏ အစီရင်ခံစာအရ  ဆော်ဒီအာဏာပိုင်များသည် ယခုနှစ် ဟဂျ်ကာလ အတွင်း မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် တွင် အသိပညာပေးစင်တာပေါင်း ၁၀၀ ကျော်ကို ထူထောင်မည်ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

စင်တာတစ်ခုစီတွင် နိုင်ငံတကာဘာသာစကားသို့ ပြန်ဆိုထားသည့် ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်များ အပြင် နမာဇ် ဝတ်ပြုခြင်း၊ သက်ဝင် ယုံကြည်မှု ဆိုင်ရာများ နှင့် ပညာပေးလမ်းညွှန်လက်ကမ်းစာစောင်များ၊ ဟဂျ် နှင့် အွမ်ရဟ် ၏ ထုံးတမ်း စဉ်လာများဆိုင်ရာ စာအုပ်ငယ်များ နှင့် အစ္စလာမ်ဘာသာ သည် အလယ်အလတ် လမ်းစဥ် ကို နှစ်သက်ကြောင်း ဆိုင်ရာ အကြောင်းအရာများ ပါဝင်ပါတယ်။

မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် နှင့် မတ်စ်ဂျစ်ဒ် နဗဝီ ၏ သာသနာရေးဌာနသည် ဆော်ဒီရှိ ဤစင်တာများထဲမှ ပထမဆုံး သောစင်တာများကို မေလ ၉ ရက်နေ့ ၂၀၂၅ ခုနှစ် တွင် ဖွင့်လှစ်ခဲ့ပြီး ဘာသာစကားအမျိုးမျိုးဖြင့် ဟာဂျီလောင်း များ နှင့် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ်၏ ဧည့်သည်များ အတွက် ဘာသာရေးစင်တာအဖြစ် ဆောင်ရွက် ပေး မည်ဖြစ်ပြီး ၎င်းတို့၏ နာမ်ပိုင်း ဆိုင်ရာ အတွေ့အကြုံများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပါတယ်။

စင်တာများ သည် ဘာသာပြန်ဘာသာပြန်စာအုပ်များ၊ ဟဂ်ျထုံးတမ်းများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ပန်ကြား ချက်များကို ဘာသာစကားအမျိုးမျိုးဖြင့် ဟာဂျီ လောင်း များအား ဖြန့်ဝေမည်ဖြစ်ပါတယ်။

ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ် တစ်နည်းအား ဖြင့် ၂၀၂၅ ခုနှစ် ဟဂျ် ကာလ အတွက် ဟဂျ်နှင့် သက်ဆိုင်သည့် လုပ်ဆောင်မှုအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် နှင့် မတ်စ်ဂျစ်ဒ် နဗဝီ တို့ တွင်  သာသနာ ရေးဦးစီးဌာနသည် အရည်အသွေးမြင့်ဝန်ဆောင်မှုများပေးဆောင်ရန်အတွက် ဟာဂျီလောင်း များ အ တွက် သတင်းအချက်အလက်ပေးသည့် လမ်းကြောင်းများနှင့် စင်တာအားလုံးကို အပြည့်အစုံ မွမ်းမံ ထား ကြောင်း သိရှိရပါတယ်။

ဤအတွက်ကြောင့် မလေးရှားနိုင်ငံမှ ပထမဆုံးအဖွဲ့အား ဆော်ဒီအာရေဗျနိုင်ငံ၌ ကြိုဆိုခဲ့ပြီး ဟဂျ် ဝန်ဆောင်မှု များနှင့် ဆက်စပ်တာဝန်ရှိသူများက ၎င်းတို့အား ကြိုဆိုကြပြီး ပန်းစည်းများနှင့် လက်ဆောင်များ ပေးအပ်ကြ ပါတယ်။

ဆော်ဒီအာရေဗျသည် လက်ရှိတွင် ဟာဂျီလောင်း များအတွက် အကောင်းဆုံးသော အဆောက်အဦများ ပံ့ပိုးပေးရန် အတွက် လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အထူးသဖြင့် ကျန်းမာရေးနှင့် သန့်ရှင်းရေးစနစ် ပိုမိုကောင်းမွန်စေရန်အတွက် ဟာဂျီလောင်း များသည် ဤကြီးမြတ်သော တာဝန်ကို သက်တောင့်သက်သာနှင့် သက်တောင့် သက်သာ ထမ်းဆောင်နိုင်စေရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

အလားတူ မီနာ  နှင့် အရ်ဖါသ်  တို့တွင် ဟာဂျီလောင်းများကို လက်ခံဧည့်ခံရန်  စခန်းများ ပြင်ဆင်ခြင်းနှင့် စွမ်းဆောင်ရည်မြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းတို့လည်း ပြီးမြောက်အောင် ပြုထားပြီး ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ အာဏာပိုင်များက ခွင့်ပြုချက်မရှိဘဲ ဟဂျ် ကို ဆော်ဒီနိုင်ငံသား ဖြစ်စေ  သို့မဟုတ် နိုင်ငံခြားသား ဖြစ်စေ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha