၁၇ မေ ၂၀၂၅ - ၁၂:၀၈
အမေရိကန် နှင့် ညှိနှိုင်း ဆွေးနွေးပွဲတွင် ယူရေနီယံ ကြွယ်ဝမှုဆိုင်ရာ ကိစ္စ အလျှော့အတင်းရှိမည် မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မိမိ နိုင်ငံ၏ငြိမ်းချမ်းသောနျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် သွယ်ဝိုက်သောနည်းဖြင့် ညှိနှိုင်း ဆွေးနွေးမှုတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီက ယူရေနီယံ ကြွယ်ဝမှုဆိုင်ရာ အမျိုးသားအခွင့်အရေးကို အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီသည် ၃၆ ကြိမ်မြောက် တီဟီရန် နိုင်ငံတကာ စာအုပ်ပွဲတော်သို့ သွားရောက် လည်ပတ်စဉ်အတွင်း ယူရေနီယံ ကြွယ်ဝမှုဆိုင်ရာ အမျိုးသားအခွင့်အရေးကို အလေးပေးပြောကြားခဲ့ပါတယ်။

ယူရေနီယံ ကြွယ်ဝမှုဆိုင်ရာ သည် အီရန်ပြည်သူများ၏ အခွင့်အရေးများထဲမှ တစ်ခုဖြစ်ကြောင်း သတင်း ထောက်များအား ပြောကြားရာတွင် မိမိတို့ အနေဖြင့် မီဒီယာများတွင် ဖြစ်စေ ၊ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ဖြစ်စေ အလျှော့မပေးခဲ့ကြောင်း ဒါဟာ အီရန်ပြည်သူများ၏ အခွင့်အရေးဖြစ်ပြီး ဘယ်သူမှ ငြင်းလို့တားလို့ မရကြောင်း ပြောကြားခဲ့ပါတယ်။

တီဟီရန်သည် မိမိ ၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ယုံကြည်မှုတည်ဆောက်ရန်နှင့် ပွင့်လင်းမြင်သာ မှုကို  ပေးဆောင်ရန် အသင့်ရှိကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် အမေရိကန် နှစ်ဦးနှစ်ဘက် အနေ အနေနဲ့ နားလည်မှု မူဘောင်ကို မရောက်သေးကြောင်း နားလည်မှု နဲ့ သဘောတူညီချက် ဘောင်ကို ရောက်ရင် တခြား ကိစ္စတွေလည်း ပေါ်လာလိမ့်မည် ဖြစ်ကြောင်း သိုံသော် ထို အဆင့်ကို မရောက်သေးကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား နောက်ဆုံးအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲများအတွင်း အမေရိကန်က အီရန်အား နျူသဘောတူညီချက်အတွက် စာဖြင့်ရေးသား အဆိုပြုထားသည်ဟု သတင်းများကို အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး က ပယ်ချခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး က ညှိနှိုင်းမှုအတွင်းမှာ တစ်ဖက်ကို အကြံဥာဏ်များကို စာရေးပြီး တင်ပြခဲ့ပေမယ့် စာနဲ့ အဆိုပြုချက် တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha