၁၇ မေ ၂၀၂၅ - ၀၉:၀၁
အာယာသွလ္လာဟ် အအ်ရာဖီ မှ ပုပ်ရဟန်းမင်းကြီး အသစ်အား မိုဘာရတ်က် ပြောကြား

ဟောင်ဇေလ် အေလ်မီယေဟ်အီရန်၏ အကြီးအကဲ အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ သည် ကက်သလစ် ကမ္ဘာ၏ အသစ်ရွေးချယ်ခံရသော ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး Leo XIV အား မိုဘာရတ်က် (ဂုဏ်ပြုစကား) ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hoza News Agency ၏ အစီရင်ခံစာအရ ဟောင်ဇေလ် အေလ်မီယေဟ်အီရန်၏ အကြီးအကဲ အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ သည် ကက်သလစ် ကမ္ဘာ၏ အသစ်ရွေးချယ်ခံရသော ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး Leo XIV အား မိုဘာရတ်က် (ဂုဏ်ပြုစကား)  ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ ၏ သတင်းစကားတွင် သူသည် ခေါင်းဆောင်မှုအသစ်အား နာမ်ပိုင်းဆိုင်ရာ ၊ လူမှုရေးတရားမျှတမှု၊ မိသားစုတန်ဖိုးများနှင့် ကိုးကွယ်ယုံကြည်မှုဘာသာတရားများကြား ရင်းနှီး မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေအချိန်ဟု ခေါ်ဆိုခဲ့ပါတယ်။

အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ သည် ပုပ်ရဟန်းမင်းကြီးဟောင်း Francis ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် အကျင့်စာရိတ္တ၊ လုံခြုံရေးနှင့် နာမ်ပိုင်း ဆိုင်ရာ မြှင့်တင်ရေးတွင် ၎င်း၏ ဝန်ဆောင်မှုများ ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စလမ်နှင့် ခရစ်ယာန်ဘာသာတို့အကြား မျှဝေတန်ဖိုးများဖြစ်သည့် ခိုင်မာသော နာမ်ပိုင်းဆိုင်ရာ ၊ မိသားစုစနစ်၊ လူမှုရေးတရားမျှတမှု၊ ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို တွန်းလှန်ရန်နှင့် တစ်ပါးတည်းအရှင် သခင်အား ကိုးကွယ်ခြင်းစသည့် မျှဝေတန်ဖိုးများသည် အမြဲတမ်းအပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် ဘာသာ တရားများနှင့် လူမျိုးစုများကြား အသုံးဝင်သော ပူးပေါင်းဆောင်ရွက်မှုများ၏ ရင်းမြစ်ဖြစ်ကြောင်း အာယာ သွလ္လာဟ် အလီရေဇာ အအ်ရာဖီ က ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Leo XIV ၏ ဦးဆောင်မှုအောက်တွင် ဤဆက်ဆံရေးများ အားကောင်းလာမည်ဖြစ်ပြီး သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ဘာသာရေး သဟဇာတဖြစ်မှု အားကောင်းလာစေရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာ မည်ဟု မျှော်လင့် ကြောင်း အာယာ သွလ္လာဟ် အလီရေဇာ အအ်ရာဖီ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သဝဏ်လွှာ၏ အဆုံးတွင် အယာတိုလာ အာရာဖီသည် ဗာတီကန် နှင့် ဟောင်ဇေလ် အေလ်မီယေဟ်အီရန် ကြား ပညာ ဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် နာမ်ပိုင်း ဆိုင်ရာ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိ ၏ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီး အလ္လာဟ် ဟို အရှင်မြတ် နှင့် လူ့တန်ဖိုးများ ခိုင်မာစေရေးအတွက် နှစ်ဦးနှစ်ဖက် အောင်မြင်မှုကို ခန့်မှန်းထားကြောင်း ရေးသားထားပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha