၁၀ မေ ၂၀၁၅ - ၁၆:၀၈
ဆော်ဒီအစိုးရ ဖက်မှ လူမျိုးတုံး သတ်ဖြတ် တိုက်ခိုက်မှု အပေါ် ယီမင်ပြည်သူလူထု မှ ကန့်ကွက် ဆန္ဒပြ / စနအအ် မြို့ / ဓာတ်ပုံများ

ယီမင်တော်လှန်ရေး သမားများဖြစ်ကြသည့် ပြည်သူလူထုမှ ကျယ်ပြန့်စွာ မိမိတို့နိုင်ငံ၏ မြို့ တော် စနအအ် မြို့ တွင် ဆော်ဒီအစိုးရ ဖက်မှ ယီမင်နိုင်ငံသားများ အပေါ် လူမျိုးတုံး သတ်ဖြတ် တိုက်ခိုက်မှု အပေါ် ပြင်းထန်စွာရှုတ်ချ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ရာဇဝတ်မှုများ ကို ဆက်လက်ပြီး ကျူးလွန်နေမှုကိုလည်း ဆော်ဒီအစိုးရ ၊အမေရိ ကန် အစိုးရ တို့၏ စနစ်များကျရှုံးမှု အတွက် သက်သေဖြစ်ကြောင်း ယီမင်ပြည်သူလူထု မှပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
မေလ ၈ ရက်နေ့ သောကြာနေ့ က ထောင်ပေါင်းများစွာသောယီမင်ပြည်သူများ အနေဖြင့် မြို့ တော် စနအအ် ရှိ လမ်းမများပေါ် သို့ ထွက်လာကြ ပြီး ဆော်ဒီအစိုးရကို ကန့်ကွက် ရှုတ်ချသည့် ညာသံများဖြင့်ဆန္ဒပြ ခဲ့ကြပါတယ်။
ဤဆန္ဒပြ သပိတ်မှောက်ပွဲ ဟာ (ယီမင်ပြည်သူများထံ သို့ ကယ်ဆယ်ရေး အသင်းများ မသွားနိုင် မဝင်နိုင် အောင်အဟန့် အ တား ပြုနေခြင်း ၊ကျူးကျော်စစ်တိုက်ခိုက်နေခြင်း ၊ ပြည်သူလူထု အပေါ် မျိုးတုံး သတ်ဖြတ်နေခြင်း ) တို့ကြောင့် ဖြစ်ပြီး ၊ မေလ ၈ရက်နေ့ သောကြာနမာဇ် အပြီး စနအအ် မြို့ တွင် ဆန္ဒ ပြ ထုတ်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။
သပိတ်မှောက် ဆန္ဒပြသူများ အနေဖြင့် (ဆော်ဒီကျဆုံးပါစေ ) ၊ ( အမေရိကန် ကျဆုံးပါစေ ) ၊ (အစ္စရေး ကျဆုံးပါစေ ) ညာသံပေး ဟစ်အော်ကြပြီး ၊ဆော်ဒီအစိုးရ၏ ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေခြင်း နှင့် လူနေ အဆောက်အဦးများ ၊လေဆိပ်များကိုလူမဆန်စွာ တိုက်ခိုက်နေမှု အပေါ် ပြစ်တင်ဝေဖန် ကန့်ကွက် ရှုတ်ချခဲ့ကြ ပါတယ်။
သပိတ်မှောက် ဆန္ဒပြ ဓာတ်ပုံများကို အလ်အာလန်မ် သတင်းဌာန ၊ ယီမင်နိုင်ငံရှိ အလ်မစီးရ် သတင်းဌာန၊ အလ်မီနာ သတင်းဌာန တို့မှ ထုတ်လွှင့် ဖြန့်ချိခဲ့ပါတယ်။
သပိတ်မှောက် ဆန္ဒပြ ပြည်သူလူထုအနေဖြင့် ဆော်ဒီ ကျူးကျော် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကို ကန့်ကွက် ရှုတ်ချပြီး အဆုံးသတ်ပေးဖို့ ၊ဝန်းရံပိတ်ဆို့ထားမှုကို ဖွင့်ပေးဖို့တို့ကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်မှောက် ဆန္ဒပြသူများအနေဖြင့်မိမိတို့၏ အစီရင်ခံစာတွင် ယီမင် စစ်သားမဟုတ်ဘဲ အရပ်သားများကို သတ်ဖြတ်နေမှု ၊ကယ်ဆယ်ရေး ပစ္စည်းများဆေးဝါးများ၊စားသောက်ရိက္ခာများမရောက်နိုင်အောင် ဝန်းရံတား ဆီးပိတ် ဆို့နေမှုတိုဟာ အာလေစအူးဒ် ကျဆုံးဖို့ အတွက်လုံလောက်နေကြောင်း တိုက်တွန်း ဖတ်ကြား ပြခဲ့ပါတယ်။
ကျူးကျော်စစ်ကိုတိုက်နေသည့် ဆော်ဒီ များသည် ရှုံးနေပြီဖြစ်ကြောင်း ၊ရာဇဝတ်မှုများ ကို ဆက်လက်ပြီး ကျူးလွန် နေမှုကိုလည်း ဆော်ဒီအစိုးရ ၊အမေရိ ကန် အစိုးရ တို့၏ စနစ်များကျရှုံးမှု အတွက် သက်သေဖြစ် ကြောင်း ယီမင်ပြည် သူလူထု မှပြောကြားခဲ့ ပါတယ်။
သပိတ်မှောက် ဆန္ဒပြသူများအနေဖြင့်ဆော်ဒီခေါင်းဆောင်များ ၏ ဓာတ်ပုံများကို မီးရှို့ ဖျက်စီးခဲ့ကြပြီး ဆော်ဒီ ကို လက်ခံအားပေးကူညီသူများ အားလုံးကို ယီမင်နိုင်ငံကို ကျူးကျော် တိုက်ခိုက်နေတာ ဖြစ်ကြောင်း ကြေညာ ခဲ့ကြပါတယ်။
ယီမင်ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှအင်အား အခြေအနေများကို မိမိတို့အားကျူးကျော်လာတဲ့ ရန်သူများ ကို တော်လှန်ရန် သုံးပိုင်ခွင့် ရှိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
သပိတ်မှောက်ပြည်သူများ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝန်း ၊လူသားချင်စာနာထောက်ထားရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများ အား မိမိတို့၏တာဝန်ဝတ္တရားများအရ ကျူးကျော်စော်ကားနေသည့်ဆော်ဒီအစိုးရ နှင့် ယီမင်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရောက်ရှိအောင် အဆက်မပြတ် တားဆီး ပိတ်ဆို့နေမှုတို့ အတွက် အရေးယူမှုများပြုရန် မေတ္တာရပ်ခံတောင်းဆိုခံကြပါတယ်။
၎င်းတို့မှဆက်လက်ပြီး ယီမင် နိုင်ငံ၏ နိုင်ငံတော် အလံများ ကို ကိုင်ဆောင်ထားပြီးဝှေ့ယမ်းကာ အာလေစအူးဒ် နှင့် ၎င်း၏ မဟာမိတ်များ သိထားကြပါ ၊((ကျွန်ုပ်တို့ ယီမင်လူမျိုးများ ဟာဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အားနည်း အားပျော့သွားကြလိမ့်မည်မဟုတ်)) ဟု ကြေညာခဲ့ကြတာကိုတွေ့ရပါတယ်။
ယခု အချိန် ထိဆိုလျင် ယီမင်နိုင်ငံအပေါ် ဆော်ဒီဖက်မှ ကျူးကျော်ပြီးလေ ကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက် မှု ကိုပြင်း ပြင်း ထန်ထန် ပြုလုပ်လာ တာ၄၃ရက်ရှိနေပြီးဖြစ်ပါတယ်။
ဤတိုက်ခိုက်မှုကြောင့် ထောင်ပေါင်းများစွာ အသက်စတေးခဲ့ကြ ရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါ တယ်။
ဤဆန္ဒပြပွဲကြီးဟာဆော်ဒီ အစိုးရဖက်မှ ပြီးခဲ့သည့်မေလ၈ရက်နေ့က စအ်ဒေဟ်မြို့ ရှိ ပြည်သူလူထု ကို ဆိုးဆိုး ရွားရွား ဗုံးကြဲတိုက်ခိုက်မှုကိုပြုခဲ့ပြီးနောက် ရှိသမျှနေအိမ်အားလုံးကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ပြမည်ဟု ဆော်ဒီအစိုးရယုတ်ဖက်မှ ခြိမ်းခြောက်မှုကိုပြုပြီးနောက် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ယီမင်နိုင်ငံ၏ (ဖီးရ်တန်ဟောက်စ်)အဖွဲ့အစည်း ၊(ဗိုက်သိုလ်ဟွရ်ရီယေ) ၏အစီရင်ခံစာ အရ ဆော်ဒီကျူးကျော်စစ် ၏ရာဇဝတ် ဒဏ်ကြောင့် သေဆုံးသွားသူများ၊ဒဏ်ရာရရှိသူများ ၊ဖျက်စီးဆုံးရှုံးသွား ရမှုများ ကို အသေးစိတ် မတ်လ၂၆ရက်နေ့မှစပြီး မေလ၂ရက်နေအထိ ၃၇ရက်တာ စာရင်းကို တင်ပြ ကြေညာခဲ့ပါတယ်။
၎င်း (ဖီးရ်တန်ဟောက်စ်)အဖွဲ့အစည်း ၊(ဗိုက်သိုလ်ဟွရ်ရီယေ) ၏ အစီရင်ခံစာအရ မတ်လ၂၆ရက်နေ့မှစပြီး မေလ၂ရက်နေအထိ ၃၇ရက်တာ အတွင်း ၃၅၅၃ ဦး ရှဟီးဒ်ဖြစ်သွားကြောင်း၊၆၂၇၁ ဦးဒဏ်ရာ ရသူများ ဖြစ်ကြောင်း ၊တင်ပြထားပါတယ်။
သို့သော်လည်းပဲ ဆော်ဒီအစိုးရယုတ်ဖက်မှ ဆက်လက်ပြီး ကျူးလွန်ဗုံးကြဲတိုက်ခိုက်နေမှု ရှိနေသဖြင့် ရှဟီးဒ်နှင့် ဒဏ်ရာရသူဦးရေမှာတိုးသထက်တိုးနေမှာဖြစ်ပါတယ်။
ဆော်ဒီအစိုးရအနေဖြင့် ယီမင် သမ္မတဟောင်းကိုပြန်လည်နေရာချထားပေးဖို့ ယီမင်နိုင်ငံအပေါ်ယခု လို့ဗုံးကြဲ တိုက်ခိုက် နေပြီး ပါးလက်စတိုင်းနှင့်မွတ်စလင်တွေကို မညာမတာသတ်ဖြတ် အနိုင်ကျင့်နေကြတဲ့ အစ္စလာမ့်ရန်သူကြီးများဖြစ်ကြတဲ့နိုင်ငံတွေ အဖွဲ့အစည်းတွေကို မတိုက်တာ တော်တော် ကို အံ့သြစရာ ကောင်းပြီး ၎င်းတို့ဟာလူတွေကော်ဟုတ်ရဲ့လားလို့သံသယဝင်မိပါတယ်။
---------------
251 / End