လှေစီးဒုက္ခသည်အရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းအဖြေရှာမည်
အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လှေစီးဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပူးပေါင်းအဖြေရှာမည်ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် ပြုလုပ်သည့် နှစ်နိုင်ငံကြားအရေးပေါ် အစည်း အဝေးအပြီး၌ သတင်းရရှိသည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦး လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဆူဖီယာရ် ရာမန်တို့သည် ရန်ကုန်မြို့ တွင် မေလ ၂၃ ရက် နေ့လယ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
‘‘နှစ်နိုင်ငံ နယ်စပ်နားမှာဖြစ် တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ဆွေးနွေးရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဖြစ်ရပ်အပေါ် ပူးပေါင်းပြီး အဖြေရှာမယ် ဆိုတာကို ပြန်လည်အသိပေး ပါတယ်’’ဟု မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က ပြော သည်။ပြီးခဲ့သည့်ရက်က မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိထိန်းသိမ်း ခဲ့သော ရွှေ့ပြောင်းဒုက္ခသည် လှေနှစ်စီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ပါဝင်နေသည့်အပေါ် မြန်မာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် အသိပေးခဲ့သည်ဟု ဆိုသည်။
‘‘၎င်းတို့ သံရုံးအနေနဲ့ ကောင်စစ်ဆိုင်ရာ လုပ်ဆောင်သင့်တဲ့ နိုင်ငံသား စစ်ဆေးမှုတွေ လုပ်ဖို့အတွက် မြန်မာဘက်က ကူညီမယ်ဆိုတာရယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအနေနဲ့ စစ်ဆေးပြီးရင် သက်ဆိုင်ရာနိုင်ငံပြန်ပို့ရေး ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေကို အသိပေးတာ ဖြစ်ပါတယ်’’ဟု ဦးသန့်ကျော်က ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး အနေဖြင့် ရခိုင်ပြည်နယ် အစိုးရရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည် ဟု မေလ ၂၃ ရက်တွင် အစိုးရက ထုတ်ပြန်သည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန် ထံသို့ ဖုန်းဆက်သွယ်ခဲ့ပြီး ယခု လှေစီးသူများ အရေးကို ကမ္ဘာ့ အရေးကြီး ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်နေသည်ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတဦးသိန်းစိန်က လှေစီးဒုက္ခ သည်များကို မြန်မာနိုင်ငံက ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ် စေ မြန်မာ့ရေပိုက်နက်၌ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရက် ပေါင်းလေးဆယ်နီးပါး ပင်လယ် တွင် မျောပါနေသူများကို လူသားချင်း စာနာသောအားဖြင့် အသက် ရှင်ရပ်တည်နိုင်ရေးအတွက် အနီး ဆုံးကမ်းခြေသို့ ဆွဲယူကယ်ဆယ် ရန် ညွှန်ကြားခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအနေဖြင့်လည်း အားလုံး ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။

မေလ ၂၃ ရက်က ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ကုလသမဂ္ဂဌာ နေ ညှိနှိုင်းရေးမှူး မစ္စရေနာတာဒေဆာလင်း၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့်အတူ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပင်လယ်ပြင်အတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများဆိုင် ရာ အရေးပေါ်စီမံခန့်ခွဲရေးဦးစီး ကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်တို့သည် အလယ်သံကျော်ရွာ ယာယီစခန်းရှိ လှေစီးဒုက္ခသည်များအား သွားရောက်ကြည့်ရှုခဲ့ကြ သည်။ မေလ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင် လေးမိုင်ခန့်အကွာ မြန်မာ့ ပင်လယ်ရေပိုင်နက်၌ စက်လှေနှစ်စီးကို တပ်မတော် (ရေ)က တွေ့ရှိခဲ့သည်။ လှေစီးဒုက္ခသည် ၂၀၈ ဦးပါဝင်သည့်အနက် ရှစ်ဦးသာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မှ ဘင်္ဂါလီများဖြစ်ပြီး ကျန် ၂၀၀ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု ဦးမောင်မောင်အုန်းက မေလ ၂၃ ရက်တွင် ပြောကြားသည်။၎င်း ၂၀၀ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်ပို့ရန် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
‘‘အခုလည်း ကိုယ်တို့ဆီက ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ စကားပြောနေတယ်။ အောက်ခြေမှာ ကိုယ်တို့ဆီက နယ်ခြားစောင့်ရဲနဲ့ ဟိုဘက်က BGB ခေါ်တာပေါ့Border Guard Bangladesh သူတို့ကလည်း ပြန်ခေါ်မယ့် အနေအထားမျိုး ကမ်းလှမ်းနေတယ်လို့ သိရတယ်။ ဒါကြောင့် နှစ်ရက်၊သုံးရက် အတွင်းတော့ တစ်ဖက်နိုင်ငံကို ပြန်လည်ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
လတ်တလောတွင် လှေတွေ့ရှိ၍ ခေါ်ဆောင်ကယ်ဆယ်ခဲ့သော ထိုလှေစီးဒုက္ခသည်များကို မောင်တောမြို့၊ အလယ်သံကျော် ကျေးရွာတွင် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
-------------------
251 / End