အဲဟ်လေ့ဘိုက် (သ) (အ.စ) ၊ သတင်းဌာန
– ဘာသာရးနှင့် လူမျိုးရေးဆိုင်ရာ အမုန်းပွားမှုများ ဖြစ်စေရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှုံ့ဆော်ခဲ့သူ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
SM Shakhawat Hossain ဟု အမည်ရသည့် အဆိုပါအမျိုးသားကို မြို့တော် ဒါကာရှိ ပူရာနာ ပါလ်တန်ဒေသမှ အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒါကာ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး မိုဟာမက် မွန်တာစီရုလ် အစ္စလာမ်က ပြောကြားခဲ့သည်။
“သူဟာ Facebook ပို့စ်တွေကနေတစ်ဆင့် မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ ဘာသာရေးအမုန်းပွားမှု လှုံ့ဆော်ဖို့ ကြိုးစားနေတာပါ” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။
ဒါကာရဲတပ်ဖွဲ့ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စလာမ်က အွန်လိုင်းသတင်းဌာန၏ အယ်ဒီတာဟုခေါ်သော Hossain အား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အက်ဥပဒေဖြင့် ပါလ်တန် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်ဟု ဆိုသည်။
“သူရဲ့ စာမျက်နှာမှာ ကမ္ဘာတစ်ဝှမ်းက အဖြစ်အပျက်အမျိုးမျိုးရဲ့ ဓာတ်ပုံတွေကိုတင်ပြီး ဒါတွေဟာ မြန်မာနိုင်ငံက မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ပြောတာတွေက သူ့ကို စိတ်ကူးရစေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် Hossain ကို ကနဦးစစ်ဆေးမေးမြန်းမှုမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ မွတ်စလင်တွေကို ငြှင်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်ဘူလို့ ဆိုပါတယ်။ ဒါ့ကြောင့် မိမိ၏ စိတ်ဆန္ဒနဲ့ ဒီလှုပ်ရှားမှု လုပ်ခဲ့ပြီး ပုံအမျိုးမျိုးကို စုဆောင်းကာ လွှင့်တင်သွားမယ်လို့ ပြောခဲ့ပါတယ်” ဟု အစ္စလာမ်က ထပ်လောင်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ အွန်လိုင်းလှုံ့ဆော်မှုအတွက် မည်သူက ရန်ပုံငွေထောက်ပံ့နေသည်ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အခြားသူများကိုလည်း စုံစမ်းနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူအဖွဲ့အစည်းအချင်းချင်းကြား အမုန်းတရားများ လှုံ့ဆော်ရန် ကြိုးပမ်းနေသည့် သတင်းစာမျက်နှာ ၁၀ ခုမှ ၁၂ ခုခန့် ရှိနေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု အစ္စလာမ်က ထည့်သွင်းပြောကြားခဲ့သည်။
“အကျိုးသက်ရောက်မှုကို မသိဘဲ ဒီ အမုန်းတရားဓာတ်ပုံတွေကို like လုပ်တာ၊ share တာတွေတောင်မှ ရာဇ၀တ်မှုအဖြစ် တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို Tag မယ်ဆိုရင်တော့ Tag ခံရသူဟာ ရာဇ၀တ်မှု မမြောက်ပါဘူး”
ထို့ပြင် ထိုကဲ့သို့သော အကြောင်းအရာကို အင်တာနက်အသုံးပြုသူများ ဂရုစိုက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် ပြည်မရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီးနောက် အဆိုပါအကျိုးဆက်မှာ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ အထိ ပြန့်နှံ့သွားခဲ့သည်။
မြန်မာအစိုးရမှာ အကြမ်းဖက်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဘဲ၊ လူမှုရေးပြဿနာများကို အကြောင်းပြကာ ဘာသာရေး ပဋိ့ပက္ခဖြစ်ပွားစေရန်၊ ဗလီဝတ်ကျောင်းတော်များနှင့် မွတ်စလင်များကို ဖျက်ဆီး တိုက်ခိုက်ရန် ဆိုရှယ် မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် လှုံ့ဆော်နေသူများကိုလည်း ထိရောက်သည့် အရေးယူမှု အားနည်းလျက်ရှိသည်။
Ref: bdnews24
===================
251 / End