၁၅ စက်တင်ဘာ ၂၀၁၅ - ၀၉:၄၀
((ဗာကီယွန်း(န))) باقیٌ  ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း

ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။


ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။

အဓိပ္ပာယ် - ထာဝရ တည်ရှိနေမည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း -  ၂ ကြိမ်
ဤဂုဏ်တော်သည် ကျမ်းတော်မြတ် ကုရ်အာန်တွင် တိုက်ရိုက်မလာရှိဘဲ (یبقی ) နှင့် (أبقی) အသွင်ဖြင့် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ မည်သူ မဆို ညတိုင်း ဤဂုဏ်တော်အား အကြိမ် (၁၀၀) ဖတ်ရွတ်

မည်ဆိုရင် ၎င်း၏ ကောင်းမှု ၊ကုသိုလ်များ ကို မြတ်အလ္လာဟ် သဘောတူ လက်ခံ တော်မူ ပေမည်။
၂။အသက်ရှည်ရန် ၊ သားသမီး အဖတ်တင်ရန် ၊ လုပ် ငန်း ၊ကိုင်ငန်း ခိုင်မာစေရန် ၊ ဒိုအာ ကဘူလ်ဖြစ် ရန် ၊

ကောင်းမှု ကုသိုလ်များ ကဘူလ် ဖြစ်စေရန် အတွက် ဤ ဂုဏ်တော်အား အမြဲ ဖတ်ရွတ် ရပါ မည်။
၃။အသက်ရှည် စေရန် ၊ သားသမီးအဖတ်တင်ရန် ၊ လုပ်ငန်း၊ကိုင်ငန်း ခိုင်မာစေရန် ရက်၄၀ တိုင်တိုင်

(ယာဗာကီယို) အကြိမ်ပေါင်း ၁၁၃ ကြိမ် ဖတ်ရွတ်ရ ပါမည်။


***