၃၁ ဒီဇင်ဘာ ၂၀၁၅ - ၁၇:၄၉
ခေတ်သစ်အတွက် လက်နက်တပ်ဆင်နေသော ရုရှား

ရုရှားနိုင်ငံသည် ၎င်း၏ စစ်ဘက်ကို ပိုမို အင်အားတောင့်တင်း ခိုင်မာအောင် လုပ်ဆောင်နေပြီး ကမ္ဘာ့ရေးရာများတွင်လည်း စစ်အေး ခေတ်နောက်ပိုင်း မမြင်တွေ့ရ သော အားအင်မျိုးဖြင့် တွန်းတွန်းတိုက်တိုက် ပါဝင် လုပ်ဆောင်နေသည်။ အနောက်တိုင်းနှင့် တင်းမာမှုများ မြင့်တက်အောင် လှုံ့ဆော်နေပါသည်။ ရုရှားနိုင်ငံသည် အာတိတ် စစ်အခြေစိုက်စခန်းများတွင် ပြန် လည်ရင်းနှီးမြှုပ်နှံနေပါသည်။ စခန်းအဟောင်းများကို ပြန် လည်ပြုပြင်ကာ အသစ်များ ထပ်မံတည်ဆောက်နေသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရုရှားနိုင်ငံသည် ၎င်း၏ စစ်ဘက်ကို ပိုမို အင်အားတောင့်တင်း ခိုင်မာအောင် လုပ်ဆောင်နေပြီး ကမ္ဘာ့ရေးရာများတွင်လည်း

စစ်အေး ခေတ်နောက်ပိုင်း မမြင်တွေ့ရ သော အားအင်မျိုးဖြင့် တွန်းတွန်းတိုက်တိုက် ပါဝင် လုပ်ဆောင်နေသည်။

 
 အနောက်တိုင်းနှင့် တင်းမာမှုများ မြင့်တက်အောင် လှုံ့ဆော်နေပါသည်။

ရုရှားနိုင်ငံသည် အာတိတ် စစ်အခြေစိုက်စခန်းများတွင် ပြန် လည်ရင်းနှီးမြှုပ်နှံနေပါသည်။

စခန်းအဟောင်းများကို ပြန် လည်ပြုပြင်ကာ အသစ်များ ထပ်မံတည်ဆောက်နေသည်။

ရုရှား၏ အာတိတ်စခန်းများ တိုးချဲ့မှုမှာ တစ်စိတ်တစ်ပိုင်းအား ဖြင့် ရာသီဥတုပြောင်းလဲမှုက

မောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု ဆန်းစစ်လေ့လာသူများက ဆိုသည်။

ရေခဲများ အရည်ပျော်ကျ လာ၍ ယခင်က လက်လှမ်းမမီ သော နေရာများသို့ သွားရောက် နိုင်လာခဲ့ပြီး ယင်းဒေသရှိ

ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အမြတ် ထုတ်ရန်နှင့် ရေကြောင်းလမ်းများ ကာကွယ်ရန် ရုရှားနိုင်ငံက ကြိုး စားနေခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် စစ်ဘက် ဘတ်ဂျက်ကိုလည်း တိုးမြှင့်လိုက်သည်။

၂၀၁၄ ကထက် ၂၀၁၅ တွင် စစ်ဘက်အသုံးစရိတ် ကန်ဒေါ်လာ ၁၁ ဘီလီယံ ခုန်တက်လာခဲ့သည်။

မော်စကို၏ အဆိုအရ ဆိုဗီ ယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု မရှိခြင်းကို ပြန်လည်ဖာထေးခြင်း ဟုဆိုသည်။

သို့သော်ယူကရိန်းပဋိပက္ခ ကြောင့် ပိတ်ပင်တားဆီးမှုများ ရေနံဈေးနှုန်း ကျဆင်းခြင်းနှင့် အခြားဘဏ္ဍာရေးပြဿနာများ သည်

ရုရှားစီးပွားရေးကို အားနည်းသွားစေပြီး စစ်အသုံးစရိတ်များ နှေးကွေးလာမည်ဟု ဆန်းစစ်လေ့ လာသူများက မျှော်လင့်ကြသည်။

ထို့အပြင် ရုရှားနိုင်ငံသည် တပ်ဖွဲ့ဝင်ပေါင်း တစ်သိန်းကျော် ပါဝင်သော စစ်ရေးလှုပ်ရှားမှုများ ကို ဇာတ်တိုက်ခဲ့သည်။

ကြိုတင်ကြေညာထားခြင်း မရှိသော စစ်ရေးလေ့ကျင့်မှုများ နှင့်  လုံးဝအသိပေးခြင်းမရှိသော တပ်ဖွဲ့ရွှေ့ပြောင်းလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ယင်းကြိုးပမ်းမှုများသည် တပ်ဖွဲ့များအတွက် တိုက်ပွဲဝင်ရေး လေ့ကျင့်မှုဖြစ်ပြီး ကမ္ဘာကြီးကို စစ်ရေးစွမ်းရည်ပြသမှုဖြစ်သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများ တွင် နျူကလီးယားတပ်ဖွဲ့များ လည်း ပါဝင်ခဲ့ပြီး နိုင်ငံ၏ နျူက လီးယားစွမ်းရည်ကို မီးမောင်းထိုး ပြခြင်းဖြစ်သည်။

နေတိုးတပ်ဖွဲ့ကလည်း ၎င်း တို့၏ စစ်ရေးလေ့ကျင့်မှုများကို တိုးချဲ့လုပ်ဆောင်ခြင်းဖြင့် တုံ့ပြန် ခဲ့သည်။

ရုရှားသည် အမေရိကန်နိုင်ငံ အပါအ၀င် အခြားနိုင်ငံများ၏ လေပိုင်နက်အတွင်းသို့ ၀င်ရောက် ခြင်း(သို့မဟုတ်) အနီးကပ်ပျံသန်း ခြင်းများ လုပ်ဆောင်ခဲ့သည်။

၂၀၁၄ မတ်လက ခရိုင်းမီး ယားဒေသကို ၎င်းတို့ ပိုင်နက်ထဲ သွတ်သွင်းလိုက်ချိန်ကစ၍ ယင်း အဖြစ်အပျက်အရေအတွက် ပိုများလာခဲ့သည်။

နိုဝင်ဘာတွင် တူရကီနိုင်ငံက ၎င်းတို့ ဝေဟင်ပိုင်နက်ထဲ ၀င် ရောက်လာသော ရုရှားလေယာဉ် ကို ပစ်ချခဲ့သည်။

ယင်းတွင် လေယာဉ်မှူး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွင်း တပ်ဖွဲ့ဝင်တစ် ဦးလည်း သေဆုံးခဲ့သည်။

အခြားမထိတထိလုပ်ရပ် များမှာလည်း အန္တရာယ်ရှိသည်။  

ဥပမာ ၂၀၁၄ မတ်လက အ ဖြစ်အပျက်တွင် ခရီးသည် ၁၃၂ ဦးလိုက်ပါခဲ့သော ခရီးသည်တင် လေယာဉ်နှင့် ၎င်း၏

တည်နေရာ ကို ရေဒီယိုထုတ်လွှင့်မှု မရှိသော ရုရှားစောင့်ကြည့်ထောက်လှမ်း ရေးလေယာဉ် တိုက်မိလုနီးပါး
 ဖြစ်ခဲ့ပုံမျိုး ဖြစ်သည်။

ရုရှားသည် နိုင်ငံရပ်ခြား ပဋိ ပက္ခများတွင် ၎င်း၏ စစ်ရေးပါဝင် ပတ်သက်မှု တိုးမြှင့်ခဲ့သည်။

ဆီးရီးယားသမ္မတ ဘားရှား အယ်အာဆတ် အစိုးရကို ထောက် ပံ့ကူညီရန် ၂၀၁၅ စက်တင်ဘာ က

လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ဆီးရီးယားစစ်ပွဲ တွင် ရုရှား၏ အခန်းကဏ္ဍမြင့် တက်လာခဲ့သည်။

၂၀၁၄ နှစ်ဆန်းက ယူကရိန်း၏ မော်စကိုလိုလားသော သမ္မတ ပြုတ်ကျခဲ့ချိန်တွင် ရုရှားက ခရိုင်း မီးယားဒေသသို့ အထူးတပ်ဖွဲ့များ စေလွှတ်ခဲ့သည်။

လူထုဆန္ဒခံယူပွဲ ကျင်းပပြီး နောက် ခရိုင်းမီးယားက ရုရှားနှင့် ပူးပေါင်း သွားခဲ့သည်။

သို့သော်ယင်းလူထုဆန္ဒခံယူ ပွဲမှာ တရားမ၀င်ဟု ယူဆကြ သည်။ ယင်းနှစ်နှောင်းပိုင်းတွင် ယူကရိန်းအရှေ့ပိုင်း၌

ယူကရိန်း တပ်ဖွဲ့များသည် ရုရှားထောက်ခံ သော ခွဲထွက်ရေးသမားများနှင့် တိုက်ပွဲ ဆင်နွှဲခံရသည်။ ၂၀၁၅

ဖေ ဖော်ဝါရီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် တိုက်ခိုက်မှုများ ရပ်တန့်သွားသော် လည်း ဆက်လက်၍ ငြိစွန်းမှုများ ရှိနေဆဲဖြစ်သည်။

ရုရှားသည် ၂၀၀၈ ဂျော်ဂျီယာနှင့် စစ်ပွဲကို အနိုင်ရရှိခဲ့သည်။

======================
251 / End