၁၄ ဖေဖော်ဝါရီ ၂၀၁၆ - ၁၉:၄၈
တပ်မှူး အပါအဝင် အီရန် နီ ၅ ဦး ဆီးရီးယား နိုင်ငံ ဟလဗ် ပြည်နယ်တွင် ထပ်မံ ရှဟီးဒ် ဖြစ် + ဓာတ်ပုံ များ

ဆီးရီးယား နိုင်ငံ ဟလဗ်ပြည်နယ် တွင် သက္က်ဖီးရီ အစ္စလာမ်အမည် ခံ သူပုန်များ ကို ကာကွယ် တော်လှန် ရင်း တပ်ရင်း ၂၇ မိုဟမ္မဒ် ရစူလွလ္လာဟ် (ဆွ)တီဟီရန် ၏ တပ်မှူး အပါအဝင် အီရန် နီ ၅ ဦး ထပ်မံ ရှဟီးဒ် ဖြစ်ခဲ့ကြ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယား နိုင်ငံ ဟလဗ ပြည်နယ်တွင် သက္က်ဖီးရီ အစ္စလာမ်အမည် ခံ သူပုန်များ ကို ကာကွယ် တော်လှန် ရင်း တပ်ရင်း ၂၇ မိုဟမ္မဒ် ရစူလွလ္လာဟ် (ဆွ) တီဟီရန် ၏ တပ်မှူး အပါအဝင် အီရန် နီ ၅ ဦး ထပ်မံ ရှဟီးဒ် ဖြစ်ခဲ့ကြ ပါတယ်။

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ မြို့ အသီးသီးတွေ နေထိုင်သူ အီရန် နီ ရဲဘော် ၅ဦး ဖြစ်ကြသည့် (၁) ရေဇာ ဖရ်ဇာနေ (၂) သကီအရ်ဂဝါနီ (၃) ဆွာလေဆွာလေဟီ (၄) မိုဟမ္မဒ် သကီအရ်ဗနီ (၅) မဂျီးဒ် မိုဟမ္မဒ်ဒီ တို့သည် ဆီးရီးယား နိုင်ငံ ဟလဗ် ပြည်နယ်တွင် သက္က်ဖီးရီ အစ္စလာမ်အမည် ခံ သူပုန်များ ကို ကာကွယ် တော်လှန် ရင်း ရှဟီးဒ် ဘွဲ့ များ ကိုခံယူ ခဲ့ကြပါတယ်။

၎င်းရှဟီးဒ် ၅ ဦး၏ ရုပ်ကလပ်တော်များ ကို အီရန် နိုင်ငံ သို့ ယူဆောင်လာပြီး မြို့ အသီး သီး တွင်ဒဖ်နာ လုပ်ခဲ့ကြပါတယ်။

ရှဟီးဒ် ဖြစ်သူများတွင် ရေဇာ ဖရ်ဇာနေ သည် တပ်ရင်း ၂၇ မိုဟမ္မဒ် ရစူလွလ္လာဟ် (ဆွ) ၏ တပ်မှူးဟောင်း ဖြစ်ပြီး ပင်စင်ယူထားသူဖြစ်ပါတယ်။၎င်းအနေဖြင့် သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် ကို သက္က်ဖီးရီး ဝဟာဘီများ အန္တရာယ်မှ ကင်းရန် ကာကွယ် တော်လှန် ပေးဖို့ စေတနာ တပ်မတော်သား အဖြစ် ဆီးရီးယား နိုင်ငံ သို့ ရောက်ရှိ လာပြီး ရှဟီးဒ် ဖြစ်ခဲ့ ခြင်း ဖြစ်ပါတယ်။

စေတနာ တပ်မတော်သားများ၏ ကြိုးစား အားထုတ်မှုကြောင့် ဟလဗ် ပြည်နယ် ရှိ ရှီအာ မြို့ငယ် နှစ်မြို့ နဗလ်နှင့် အလ်ဇဲဟ်ရာ တို့ကို သက္က်ဖီးရီး ဝဟာဘီ သူပုန်များ လက်ထဲ မှ ကယ် တင် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုလည်း ကျန် နယ်မြေများ ကို သက္က်ဖီးရီး ဝဟာဘီ သူပုန်များ လက်ထဲ မှ လွတ်မြောက်အောင် ကြိုးပမ်းနေကြ ပါတယ်။

ရှဟီးဒ် ဆွာလေဆွာလေဟီ

ရှဟီးဒ် မဂျီးဒ် မိုဟမ္မဒ်ဒီ

ရှဟီးဒ် ရေဇာ ဖရ်ဇာနေ

ရှဟီးဒ် မိုဟမ္မဒ် သကီအရ်ဗနီ

ရှဟီးဒ် သကီအရ်ဂဝါနီ

============================

251/End