၈ ဧပြီ ၂၀၁၆ - ၁၈:၀၆
 မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်ဟု သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ၏ ခေါင်းဆောင်မှုကို ကြိုဆိုပြီးမြန်မာအစိုးရအား ဆက်လက်ကူညီ ပေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတအိုဘားမားက ဒေါ်အောင် ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ပြောကြားခဲ့သည် ဟု အမေရိကန်သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်က ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဒေါ်အောင်ဆန်းစုကြည် ၏ ခေါင်းဆောင်မှုကို ကြိုဆိုပြီးမြန်မာအစိုးရအား  ဆက်လက်ကူညီ ပေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတအိုဘားမားက ဒေါ်အောင် ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ပြောကြားခဲ့သည် ဟု အမေရိကန်သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်က ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

 ဧပြီ ၆ ရက်တွင် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ထံသို့ တယ်လီဖုန်းခေါ်ဆို ကာ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေ သည့် အရပ်သားဦးဆောင်သော အစိုးရတစ်ရပ်အား ဒီမိုကရေစီ နည်းလမ်းတကျ အာဏာလွှဲ ပြောင်းပေးသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်ဖြစ်စဉ်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ သည်။

 ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်၏ ခိုင်မာပြတ်သားသည့် ကြိုးစားအားထုတ်မှုများ၊ နှစ် ပေါင်းများစွာအတွင်း ကိုယ်ကျိုး စွန့်လုပ်ရပ်နှင့် ငြိမ်းချမ်းစွာ အာ ဏာပွဲပြောင်းမှုတစ်ရပ် အောင် မြင်ပြီးမြောက်ခဲ့ခြင်းနှင့် အမျိုး သားရင်ကြားစေ့ရေး ရှေ့ဆက် ဆောင်ရွက်မှုတို့အတွက်လည်း ဂုဏ်ပြုကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


 သမ္မတအိုဘားမားသည် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ သို့လည်း အစိုးရအား မြန်မာပြည်သူလူထုက အားပေးထောက်ခံနေသကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အားပေးကူညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့်ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံသမ္မတရုံးက ဧပြီ ၆ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

     နိုင်ငံတော်သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်မှုအပေါ် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများမှာ သမိုင်းဝင်ဆောင်ရွက်မှုများဖြစ်သည့်အတွက် ချီးကျူးပါကြောင်း၊ နိုင်ငံရေးတွင် အားလုံးပါဝင်သည့် နိုင်ငံရေး၊ သာယာဝပြောသော၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်သော၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းရန် သမ္မတဦးထင်ကျော်အား တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတက ဖုန်းဖြင့်မဆက်သွယ်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း သမ္မတ ဦးထင်ကျော်ထံ ဖုန်းဆက်ကာ ကုလသမဂ္ဂက မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။