၄ ဇွန် ၂၀၁၆ - ၁၉:၀၈
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ မန္တလေးတွင်ပြသ

ဓာတ်ပုံဆရာ စောဖိုး ခွား၏လက်ရာများ ပြသထား သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်မြောက် မွေးနေ့အထိမ်း အမှတ် 71 Suu's solo photo show ဓာတ်ပုံပြပွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ သီရိအနုပညာ ပြခန်းတွင် ဇွန်လ ၃ ရက်မှ ၅ ရက် အထိ ပြသလျက်ရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ဓာတ်ပုံဆရာ စောဖိုး ခွား၏လက်ရာများ ပြသထား သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်မြောက် မွေးနေ့အထိမ်း အမှတ် 71 Suu's solo photo show ဓာတ်ပုံပြပွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ သီရိအနုပညာ ပြခန်းတွင် ဇွန်လ ၃ ရက်မှ ၅ ရက် အထိ ပြသလျက်ရှိသည်။

အဆိုပါဓာတ်ပုံပြပွဲတွင် နေ အိမ်အကျယ်ချုပ်ဘ၀မှ လွတ် မြောက်ပြီး ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ၀င်ရောက်ချိန်မှ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် လာသည်အထိ ဒေါ်အောင်ဆန်းစု ကြည်၏ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံ ၇၁ ပုံကို မွေးနေ့အထိမ်း အမှတ်အဖြစ် ပြသထားခြင်းဖြစ် သည်။

‘‘၇၁ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုဖို့စဉ်းစားတော့ဒေါ်အောင် ဆန်းစုကြည်ရဲ့ အသက် (၇၀) က နေ (၇၁) နှစ်အကြားမှာ သမိုင်း ၀င်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ သမိုင်းဝင်ဖြစ်ရပ်အဖြစ် ပြည်သူ လူထုတစ်ရပ်လုံးက အရပ်သား အစိုးရကို ရွေးချယ်နိုင်ခဲ့တယ်။ ဒါ ဟာ မြန်မာနိုင်ငံရဲ့ အောင်ပွဲကြီး တစ်ရပ်ဖြစ်ပြီး အဲဒီအောင်ပွဲအ တွင်း သူဘယ်လောက်ပင်ပန်း ဆင်းရဲခဲ့တယ်ဆိုတာကို ပြည်သူ လူထုကို သိစေချင်တာကြောင့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲ လေးပြုလုပ်ရတာပါ’’ဟု ဓာတ်ပုံ ဆရာ စောဖိုးခွားက ပြပွဲပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍ ပြောကြား သည်။

၂၀၁၅ ရွေးကောက်ပွဲအ တွင်း ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်များအတွင်း ရိုက် ကူးထားသည့် ဓာတ်ပုံဆရာ စော ဖိုးခွား၏ အကောင်းဆုံးမှတ်တမ်း ဓာတ်ပုံများ ရွေးချယ်ပြသခဲ့ခြင်း ဖြစ်ပြီး ပုံအများစုသည်ရွေးကောက် ပွဲ မဲဆွယ်နေသည့်ပုံများ၊ အပြုံး မျက်နှာနှင့် ပန်းပန်ထားသော ပုံ များဖြစ်သည်။

ပြပွဲတွင် ပြသထားသည့် ဓာတ်ပုံအရွယ်အစားများမှာ ၁ ပေ× ၁ ပေခွဲ၊ ၁ပေခွဲ×၂ ပေ၊ ၂ပေ×၃ ပေခွဲ အရွယ်အစားများ ဖြစ်ပြီး တန်ဖိုးကျပ်ငါးသောင်း၊ ခု နစ်သောင်း၊ တစ်သိန်းအထိ ဈေး နှုန်းများ သတ်မှတ်ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံပြပွဲမှ ရောင်းရငွေ များကို ကယားပြည်နယ်ရှားတော ဒေသ ဖွံ့ဖြိုးရေးအတွက် လှူဒါန်း မည်ဖြစ်ကြောင်း ဓာတ်ပုံဆရာ စောဖိုးခွားက ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်တွင် (၇၁) နှစ် ပြည့်မည်ဖြစ်သည်။

=====================
251 / End