၈ ဇူလိုင် ၂၀၁၆ - ၁၉:၂၉
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ဇူလိုင် ၁၇ ရက်တွေ့ဆုံရန် စီစဉ်

ဒေါ်အောင်ဆန်းစုကြည် နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ခေါင်းဆောင်များ ဇူလိုင် ၁၇ ရက်တွင်တွေ့ဆုံရန် နှစ်ဖက် စီစဉ်နေကြောင်း သတင်းရရှိ သည်။ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌခွန်မြင့်ထွန်းက ဒေါ်အောင် ဆန်းစုကြည်နှင့် NCA မရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ဇူလိုင် ၁၇ ရက် တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားသည်။ သမ္မတရုံးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ဒုညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးအား ဆက်သွယ် မေးမြန်းရာ ‘‘UNFC ဥက္ကဋ္ဌနဲ့ အဖွဲ့ ကိုတွေ့ဖို့ လောလောဆယ်စီစဉ် နေတာ၊ ရက်ကတော့ အကြမ်း ဖျင်းက ၁၇၊ ၁၈ ပေါ့။ အဲဒီထဲမှာ မှ ၁၇ ရက်လို့ပြောလို့ အဲဒီရက်ကို ညှိနေပါတယ်’’ဟု ဖြေကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒေါ်အောင်ဆန်းစုကြည် နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ခေါင်းဆောင်များ ဇူလိုင် ၁၇ ရက်တွင်တွေ့ဆုံရန် နှစ်ဖက် စီစဉ်နေကြောင်း သတင်းရရှိ သည်။

 ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌခွန်မြင့်ထွန်းက ဒေါ်အောင် ဆန်းစုကြည်နှင့် NCA မရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ဇူလိုင် ၁၇ ရက် တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတရုံးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ဒုညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးအား ဆက်သွယ် မေးမြန်းရာ ‘‘UNFC ဥက္ကဋ္ဌနဲ့ အဖွဲ့ ကိုတွေ့ဖို့ လောလောဆယ်စီစဉ် နေတာ၊ ရက်ကတော့ အကြမ်း ဖျင်းက ၁၇၊ ၁၈ ပေါ့။ အဲဒီထဲမှာ မှ ၁၇ ရက်လို့ပြောလို့ အဲဒီရက်ကို ညှိနေပါတယ်’’ဟု ဖြေကြားသည်။


UNFC ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုစာချုပ်(NCA)မရေးထိုးထားသည့် အဖွဲ့ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌမှာကေအိုင်အိုမှ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်သည်။

ထို့အပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ထိပ် သီးညီလာခံကျင်းပနိုင်ရေးအ တွက် NCA ရေးထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်မရေးထိုး ထားရသေးသော အဖွဲ့များမှ ကိုယ်စားလှယ်များ၏ကြိုတင်အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ယနေ့ (ဇူလိုင် ၈ ရက်)၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုအစည်းအဝေးပြီးနောက် အစိုးရနှင့် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသားကိုယ်စားလှယ်များက ပြောသည်။

‘‘ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးပါဝင်မယ့် အစည်းအဝေးဖြစ်ပါတယ်’’ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

NCA ရေးထိုးထားသည့်အ ဖွဲ့များနှင့် လက်မှတ်မထိုးရသေး သည့်အဖွဲ့အားလုံးပါဝင်သည့် ထိပ်သီးညီလာခံတစ်ခုကို ၂၁ ရာစုပင်လုံညီလာခံမကျင်းပမီ ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ပြုလုပ်ရန် စီစဉ်နေသည်။

ထိပ်သီးညီလာခံ၌ ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား အဖွဲ့များဘက်မှ ဆွေးနွေးရန် မူဝါဒတစ်ရပ် ချမှတ်ရေးဆွေးနွေးမည်ဟု သတင်းရရှိသည်။

===================
251 / End