၄ စက်တင်ဘာ ၂၀၁၆ - ၁၄:၂၇
တူရကီက အိုင်အက်စ်စစ်ဆင်ရေး စစ်မျက်နှာတခု ထပ်ဖွင့်၊ တင့်ကားများ စေလွှတ်

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးကို တူရကီနိုင်ငံက စက်တင်ဘာ ၃ ရက်နေ့မှာ စစ်မျက်နှာတခု ထပ်ဖွင့်လိုက်ပြီး တင့်ကားတပ်တွေ ထပ်မံစေလွှတ်ခဲ့ပါတယ်။ ဒီစစ်မျက်နှာကတော့ ပြီးခဲ့တဲ့တပတ်က စတင်ခဲ့တဲ့ စစ်မျက်နှာရဲ့ အနောက်ဘက် ၃၄ မိုင် အကွာလောက်မှာဖြစ်ပြီး တူရကီနယ်စပ်မြို့ဖြစ်တဲ့ ကီလိစ်း Kilis မြို့ကနေ တင့်ကားတွေ ၀င်ရောက်ခဲ့တာပါ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးကို တူရကီနိုင်ငံက စက်တင်ဘာ ၃ ရက်နေ့မှာ စစ်မျက်နှာတခု ထပ်ဖွင့်လိုက်ပြီး တင့်ကားတပ်တွေ ထပ်မံစေလွှတ်ခဲ့ပါတယ်။

ဒီစစ်မျက်နှာကတော့ ပြီးခဲ့တဲ့တပတ်က စတင်ခဲ့တဲ့ စစ်မျက်နှာရဲ့ အနောက်ဘက် ၃၄ မိုင် အကွာလောက်မှာဖြစ်ပြီး တူရကီနယ်စပ်မြို့ဖြစ်တဲ့ ကီလိစ်း Kilis မြို့ကနေ တင့်ကားတွေ ၀င်ရောက်ခဲ့တာပါ။

မြို့ခံအရပ်သားတွေကတော့ မြို့ကနေထွက်ခွာသွားပြီဖြစ်ပြီး အမြောက်တွေနဲ့ နောက်ခံပစ်ခတ်ပေးမှုနဲ့ တင့်ကားတွေ ၀င်ရောက်ခဲ့တယ်လို့ တူရကီသတင်းတွေက ဆိုပါတယ်။

ဒီထိုးစစ်တွေဟာ တူရကီနယ်စစ်တကြော သိမ်းပိုက်ထားကြတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို နယ်စပ်တကြော အရှေ့ဘက်ကရော၊ အနောက်ဘက်ကပါ ဖိအားပေးရှင်းလင်းဖို့ ရည်ရွယ်တယ်လို့ တူရကီ နောက်ခံတဲ့ ဆီးရီးယားသူပုန်တွေက ပြောဆိုပါတယ်။

တူရကီနယ်စပ်အနားက အိုင်အက်စ်အကြမ်းဖက် ထိန်းချုပ်ခဲ့တဲ့ ကျေးရွာ ၃ ရွာကို ဆီးရီးယားသူပုန်တွေ စနေနေ့က သိမ်းပိုက်ခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ပြောဆိုပါတယ်။

===================
251 / End