၂၆ မေ ၂၀၂၅ - ၂၂:၂၃
ဂါဇာတွင်ဇီယွန်ဝါဒီများ၏ ရက်စက်ကြမ်းကြုတ်မှုများကိုရပ်တန့်ရန်ပူးတွဲဆောင်ရွက်မှုနှင့်ထိရောက်သောအစီ အမံများပြုလုပ်ရန်လိုအပ်ကြောင်းရဲဟ်ဗရ် မိန့်ကြား

ဂါဇာရှိ ဇီယွန်ဝါဒီ အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် အီရန် နှင့် ပါကစ္စတန်တို့ ပူးပေါင်း၍ ထိရောက်သော အစီအမံများ ပြုလုပ်ရန် လိုအပ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် နှင့် တွေ့ဆုံစဉ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံ စဉ် အလေးအနက် မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ပါကစ္စတန် ၀န်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် နှင့် တွေ့ဆုံစဉ် ပါကစ္စတန်သည် အရေးပါသော အစ္စလာမ် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း မိန့်ကြားပြီး ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း အလေးပေး မိန့်ကြားခဲ့ပါတယ်။

တွေ့ဆုံစဉ်အတွင်း ပါကစ္စတန်နှင့် အိန္ဒိယကြား တင်းမာမှုများအဆုံးသတ်ခြင်းအတွက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က ဝမ်းသာရကြောင်းကို ထုတ်ဖော် မိန့် ကြားခဲ့ပြီး နှစ်နိုင်ငံအကြား မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ မွတ်စလင်မ် နိုင်ငံအများအပြားက ဇီယွန်အစိုးရနှင့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ပါကစ္စတန်သည် အဆိုပါပူးပေါင်းကြံစည်မှုများကို အမြဲတမ်း ပယ်ချခဲ့သည်ဟု ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ကမ္ဘာပေါ်တွင် စစ်ဖြစ်ပွားမှုကို သဘောကျ နှစ်သက် သည်သူများကို တော်လှန်ရန်  မွတ်စလင်မ် နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန် ဤကဲ့သို့ ပြုခြင်း သည် မွတ်စလင်မ် အွန်မသ် ၏ လုံခြုံရေးအတွက် အာမခံချက်ဖြစ် ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ထပ်လောင်း၍ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ပါလက်စတိုင်းအရေးကို အစ္စလာမ့်ကမ္ဘာ၏ အဓိကပြဿနာဟု မိန့်ကြားပြီး ဂါဇာတွင် ကြေကွဲဖွယ်အခြေအနေများကို မီးမောင်းထိုးပြကာ ဂါဇာကမ်း မြောင် ဒေသ နှင့်ပတ်သက်၍  ဥရောပနှင့် အမေရိကပြည်သူများက မိမိ တို့၏အစိုးရများကို ဆန့်ကျင် ဆန္ဒပြရန် လမ်းပေါ် ထွက်နေကြသော်လည်း ဝမ်းနည်း စွာဖြင့်ပင် အချို့သော မွတ်စလင်မ် အစိုးရများသည် ဇီယွန်အစိုး ရနှင့်အတူ ရပ်တည်နေကြသည်ဟု မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က အီရန်နှင့် ပါကစ္စတန်တို့သည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အစ္စလာမ် ကမ္ဘာအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ‌ပေးနိုင်ကြောင်း အလေးပေး မိန့်ကြား ခဲ့ပါတယ်။

အီရန်နှင့် ပါကစ္စတန် ဆက်ဆံရေးသည် အမြဲတမ်း နွေးထွေးပြီး ညီရင်းအစ်ကိုလို ဖြစ်နေသော်လည်း လက်ရှိ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်လင့်ထားသည့် အဆင့်ထက် နိမ့်ကျနေကြောင်း နှစ်နိုင်ငံသည် နယ်ပယ် အသီးသီးတွင် အပြန်အလှန်ကူညီနိုင်ကြကြောင်း ဤ ခရီးစဉ်ဟာ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု နယ်ပယ် များ မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်နိုင်မယ်လို့ မျှော်လင့် ကြောင်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြား ခဲ့ပါတယ်။

 အီရန်နှင့် ပါကစ္စတန်ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ပိုမိုအသက်သွင်းရန် လိုအပ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က အလေးပေးမိန့်ကြားခဲ့ပါတယ်။

ဤအချိန် အခါသမယတွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံရခြင်း အတွက် ပျော်ရွှင်မှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ပါကစ္စတန်နှင့် အိန္ဒိယကြား လတ်တလော တင်းမာမှုများကို ဖြေရှင်းရာ တွင် အီရန်၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအခြေအနေအတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းသည် ဂါဇာကမ်းမြောင်တွင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို အဆုံးသတ်ရန် ထိရောက်သော ခြေလှမ်းများ မလုပ်ဆောင်နိုင်သေးကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ်  က ဆက်လက် ပြောကြားခဲ့ ပါတယ်။

ထပ်လောင်း၍ တီဟီရန်တွင် ကျင်းပခဲ့သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ကိုးကားပြီး ဤခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤတွေ့ဆုံ မှု တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း လည်း တက်ရောက်ခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha