အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ ရေတပ်ဆိုင်ရာ ဗိုလ်ချုပ်ကြီး အလီရေဇာ သန်ဂ်စီရီ က မိမိ နိုင်ငံကို ရန်စရန် ကြိုးပမ်းသူများကို အပြည့်အဝ အဖြေပြန် ပေးသွား မည် ဖြစ်ကြောင်းနှင့် ရန်သူ သည် ယင်းအချက်ကို လက်တွေ့တွင် သက်သေမြင်ထားပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
Al-Masirah ရုပ်သံလိုင်းနှင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ ရေတပ်ဆိုင်ရာ ဗိုလ်ချုပ်ကြီး အလီရေဇာ သန်ဂ်စီရီ က စကားပြောရာတွင် ယီမင်နိုင်ငံသည် အစ္စလာမ်အတွက် ဂုဏ်ယူစရာ အရင်း အမြစ် တစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် အဖိနှိပ်ခံများကို ခုခံကာကွယ်ကာ ပါလက်စတိုင်းကို ထောက်ခံအားပေးခြင်းဖြင့် ၎င်းတို့ သည် အမှန်တကယ် နယ်ပယ်စုံမှ ယောက်ကျားပီသသူများ ဖြစ်သည်ကို သက်သေပြခဲ့ကြောင်း ပြောကြား ခဲ့ပါ တယ်။
.......................................................
END / 251
Your Comment