အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဗ်နာသတင်းဌာန ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် ခါဒင်းန်မွတ်ဇ်ဇာကေရီးန် မှ ကုရ်ဘာနီ သားကောင်ကို ဇေဗ် ပြုချိန် ဖတ်ရသည့် ဒိုအာ ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် ခါဒင်းန်မွတ်ဇ်ဇာကေရီးန် ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
ကုရ်ဘာနီ သားကောင် ကို ဇေဗ် ပြုချိန် ဖတ်ရန် ဒိုအာ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံမှာ လာရှိပါတယ်။ ဒိုအာနောက်ဆုံး မှာ အလ္လာဟ်ဟွန်မ်မသက္က်ဗလ်မင်န်နီ ဆိုပြီးလာရှိပါတယ်။အဲဒါ ကိုယ်တိုင်လုပ်ချိန် မှာသာ ဖတ်ရမည် ဖြစ်ပြီး စုပေါင်း လုပ်ချိန် ၊ သူများကိုယ်စားလုပ်ချိန်တွင် မင်န်နာ ၊ မင်န်ဟွန်မ် ဆိုပြီး ဖတ်ရမည် ဆိုတာ ဟုတ်ပါသလား?
အဖြေ
ကုရ်ဘာနီ သားကောင် ကို ဇေဗ် ပြုချိန် ဖတ်ရန်ဒိုအာနောက်ဆုံး မှာ အလ္လာဟ်ဟွန်မ်မသက္က်ဗလ်မင်န်နီ ဆိုပြီးလာရှိပါတယ်။ အဲဒါ ကိုယ်တိုင်လုပ်ချိန် ဖြစ်စေ စုပေါင်း လုပ်ချိန် ၊ ဖြစ်စေ ဖတ်လျင် လုံလောက်ပါတယ်။
အကြံပြုချက် - အထူးသတိပြုရမည့် အချက်မှာ အချို့ အနေဖြင့် ဖြစ်ပြီး စုပေါင်း လုပ်ချိန် မင်န်နာ ၊ သူများကိုယ်စား လုပ်ချိန်တွင် မင်န်ဟွန်မ် ဆိုပြီး ဖတ်ရမှသာ ကုရ်ဘာနီ ပိုင်မည်ဟု ထင်နေခြင်း ဖြစ်ပါတယ်။ ပိုအရေးကြီးသည် မှာ ကိုယ်ကုရ်ဘာနီ လုပ်မည့် သားကောင် ကို ဝယ်ထားသည့် ငွေ ဟာ ဟလာလ် ဖြစ်ဖို့ သူတစ်ပါး ထံက ကောက်ကျစ် ထားလိမ်ထား သည့် ငွေမဖြစ်ဖို့ ခွမ်းစ်ထိုက်လျင်ခွမ်းစ်မထုတ်ထားသည့် ငွေမဖြစ်ဖို့ သာ ဂရု ပြုရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment