အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဘီလီယက်ကစားခြင်းဆိုင်ရာဖေက်ဟီ အမိန့် မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
ဘီလီယက်ကစားခြင်းသည် ပိုင်ပါသလား?
အဖြေ
အဲဟ်သေယာသွ် ဝါဂျစ်ဗ် အရ စည်းမျည်းစည်းကမ်း (လောင်းကြေး ) မပါဘဲ ဘီလီယက်ကစားခြင်းသည်လည်းပဲ မပိုင် ချေ။ (ဟရာမ် ဖြစ်ပါတယ်။ )
အကြံပြုချက် - အဲဟ်သေယာသွ် ဝါဂျစ်ဗ် ဆိုသည်မှာ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ၏ သက္က်လီးဒ် ယူထားသူသည် ဤ အမြင်အတိုင်းလိုက်နာ နိုင်ပါတယ်။ သို့မဟုတ် အခြား မရ်ဂျာအ် တစ်ပါး၏ ဤကိစ္စ နှင့် ပတ်သက်သည့် အမြင် (အမိန့်) အတိုင်း ကျင့်ခွင့် ရှိပါတယ်။ တစ်နည်းအားဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ၏ သက္က်လီးဒ် ယူထားသူသည် ရွေးချယ် ပိုင်ခွင့် ရှိပါ တယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment