၁၃ ဇွန် ၂၀၂၅ - ၀၆:၂၆
အကြမ်းဖက် အစ္စရေး ၏ တိုက်ခိုက်မှုကြောင့် အီရန် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး စလာမ်မီ ရှဟီးဒ် ဖြစ်

အီရန် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး စလာမ်မီ သည် အကြမ်းဖက် ဇီယွန်နစ်အစိုးရ၏ တိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ်သွားကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အကြမ်းဖက် ဇီယွန်အစိုးရသည် အီရန်နိုင်ငံရှိ ဒေသအသီးသီးတွင် စစ်ဘက်နှင့် နျူကလီးယားစက်ရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အသေးစိတ်အချက်အလက်များအရ တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိုင်းန် စလာမ်မီ သည်အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုတွင် ရှဟီးဒ် ဘွဲ့ကို ခံယူခဲ့ကြောင်း သိရပါတယ်။

အခြားတစ်ဖက်တွင်မူ အကြမ်းဖက် အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အီရန်ရှိ နေရာအသီးသီးတွင် စစ်ရေးနှင့် နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားသည်ဟု အခိုင်အမာဆိုထားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် အစ္စရေး၏ တစ်ဖက် သတ်လုပ် ဆောင်မှုဟု ဖော်ပြခဲ့ပါတယ်။

အင်န်ရှာအလ္လာဟ် အီရန် ကလည်း မိမိတို့ အပေါ် မတရား တိုက်ခိုက်မှု အတွက် အဖြေပေးမည် ဖြစ်ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha