အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ခါသန်မ်မိုလ်အန်ဗီယာ (ဆွ) ဗဟိုဌာနချုပ် IRGC (အီရန် တော်လှန်ရေး အစောင့်တပ် ) ၏ ဗိုလ်ချုပ် ကြီး ဂိုလာန်မ် အလီ ရရှီးဒ် သည် အီရန်နိုင်ငံမြို့တော် တီဟီရန်ကို အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုအပြီး နာရီပိုင်း အကြာတွင် ရှဟီးဒ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် ဇီယွန်ဝါဒီ အစိုးရ၏ စစ်တပ်၏တိုက်ခိုက်မှုတွင် ဗိုလ်ချုပ် ကြီး ဂိုလာန်မ် အလီ ရရှီးဒ် ၏သားဖြစ်သူမှာ လည်း ဖခင်နှင့်အတူ ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။
ခါသန်မ်မိုလ်အန်ဗီယာ (ဆွ) ဗဟိုဌာနချုပ် IRGC (အီရန် တော်လှန်ရေး အစောင့်တပ် ) ၏ ဗိုလ်ချုပ် ကြီး ဂိုလာန်မ် အလီ ရရှီးဒ် သည် ဝါရင့်တပ်မှူးတစ်ဦးဖြစ်ပြီး နိုင်ငံ၏ထိပ်တန်းစစ်ရေးစီစဉ်သူတဦးဖြစ်ပါတယ်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ကျွမ်းကျင်သူများနှင့် အဆင့်မြင့်အရာရှိများက အမြဲတမ်းအသိအမှတ်ပြုခဲ့ကြသည့် အဓိက ကာကွယ်ရေးနှင့် လုံခြုံရေးအစီအစဉ်များတွင် အစားထိုး၍မရသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ဗိုလ်ချုပ် ကြီး ဖြစ်ပါတယ်။
အကြမ်းဖက် အစ္စရေး မှ ယခုအချိန် အထိ အကြိမ်ပေါင်း ၂၅၀ လေကြောင်း တိုက်ခိုက်မှု ကို ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ၂ဦး သိပ္ပံပညာရှင် နှစ်ဦး နှင့် အချို့ အရပ်သားများရှဟီးဒ် ဖြစ်ခဲ့ပါတယ်။
.......................................................
END / 251
Your Comment