အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ အကြံပေး မိုဟမ္မဒ် ဟိုစိုင်းန် ရဂျ်ဗရာန် က X လူမှုကွန်ရက်တွင် ရေးသားခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးသည် ဥရောပထရိုကာနှင့် ညှိနှိုင်းရန် ဂျီနီဗာသို့ ထွက်ခွာသွားကြောင်း ကြေငြာပြီး နောက် ဇီယွန်ဝါဒီအစိုးရအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ တားဆီးရန် ကျွန်ုပ်သည် တောင်းဆိုမှုများစွာ ပြုလုပ်ခဲ့ ကြောင်း မိုဟမ္မဒ် ဟိုစိုင်းန် ရဂျ်ဗရာန် က ပြောကြားခဲ့ပါတယ်။
ဤလိုမျိုး ခြိမ်းခြောက်မှုတွေ ရှိခဲ့ဖူးပေမယ့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် မိမိ ကိုယ်သူ သံတမန်ရေးရာ အကြီးအကဲထက် ပိုမို၍ အမိမြေ၏ စစ်သား အဖြစ် သတ်မှတ်ပြီး မိမိ ၏ ချစ်မြတ်နိုးလှသော ဟာဂျ် ကာစင်မ် စိုလိုင်းမာန်နီ ကဲ့သို့ ရှဟာဒသ် ကို လိုလား ကြောင်း မိုဟမ္မဒ် ဟိုစိုင်းန် ရဂျ်ဗရာန် က ဆိုပါတယ်။
အီရန် အမိမြေရှိ အမည်မဖော်လိုသူ အေမာမ် ဇမာန်း (အ.ဂျ) ၏ တပ်သားများ၏ လုံခြုံရေးအစီအမံသာ မရှိခဲ့လျင် လွန်ခဲ့သည့် ရက်အနည်းငယ်က ဆယက်ဒ် အဘာစ် အီရတ်က်ကျီ အပေါ် အစ္စရေး၏ ပူးပေါင်း ကြံစည်မှုကြီးကို တီဟီရန်တွင် အကောင်အထည် ဖော်ခဲ့မှု မှာ အောင်မြင်သွားမည် ဖြစ်ပါကြောင်း အလ်ဟမ်ဒို လစ်လ္လာဟ် ၊ အလ္လာဟ် ဟိုအရှင်မြတ်၏ ကျေးဇူးတော် ဖြင့် အစ္စရေး လုပ်ကြံမှု မအောင်မြင်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ အကြံပေး က ပြောကြားခဲ့ပါတယ်။
အီရန် နိုင်ငံ၏ ရပိုင်ခွင့်များ ၊ သံတမန်ရေးရာ ကိစ္စများ အောင်မြင်ရန် နှင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး အတွက် ဒိုအာများ တောင်းသင့်ကြောင်း မိုဟမ္မဒ် ဟိုစိုင်းန် ရဂျ်ဗရာန် က ပြောကြားခဲ့ပါ တယ်။
.......................................................
END / 251
Your Comment