အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News အေဂျင်စီမှ သတင်းထောက်တစ်ဦး၏ အစီရင်ခံစာအရ ဇီယွန်ဝါဒီအစိုးရ၏ ပြင်းထန်သောတိုက်ခိုက်မှုအတွင်း ရှဟီးဒ် ဖြစ်သွား သူများ၏ ဈာပနအခမ်းအနားကို အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန်တွင် ယနေ့နံနက်ပိုင်းက စတင်ခဲ့ကြောင်း သိရပါတယ်။
ဈာပန အခမ်းအနားကို နံနက် ၈ နာရီတွင် အင်န်ကေလာဗ် ရင်ပြင်မှ စတင်ပြီး အာဇါဒီ ရင်ပြင်တွင် ပြီးဆုံး မည်ဖြစ် ပါတယ်။
ဤစျပနာ အခမ်းအနား တွင်ကလေးငယ်များ၊ အမျိုးသမီးများ၊ ပညာရေးနှင့် ကာကွယ်ရေး ကဏ္ဍမှ ပြည်သူများနှင့် အာဇာနည် အသီးသီး၏ မိသားစုများ အပါအဝင် ဈာပန ဈာပန တွင် လူအများအပြား တက်ရောက် ကြပါတယ်။ အာဇာနည် များ၏ ရုပ်ကလပ်များ တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဇီယွန်ဝါဒီတို့၏ တိုက်ခိုက်မှုများတွင် ရှဟီးဒ် ဖြစ်သွားကြ သူများ၏ ရုပ်ကလပ် များ လည်း ပါဝင်ကြပါတယ်။
ဈာပန အခမ်းအနား အပြီးတွင် အာဇာနည်များအား တီဟီရန်ရှိ အေမာမ် ဇါဒေဟ်များ ၏ ဗိမာန် တော်များ ၊ ကျော်ကြား သည် ကဗရ်စတန် ဗေဟစ်ရှ် သေ ဇဲဟ်ရာ (စ.အ) နှင့် နိုင်ငံအတွင်းရှိ အခြားမြို့များ ၏ အရေးပါး နေရာ အသီးသီး တွင် ဒဖ်နာ (မြှုပ်နှံ) မည်ဖြစ်ပါတယ်။
ဈာပန အခမ်းအနား ကို အီရန် ပြည်သူ သိန်း နှင့် ချီ၍ တက်ရောက်ကြပါတယ်။
ဈာပနအခမ်းအနားကို အလွှာပေါင်းစုံမှ ပြည်သူအများအပြား တက်ရောက်ခဲ့ကြပါတယ်။ ပါဝင်သူများသည် မိမိတို့ ၏ အမိမြေ အီရန် ဘက်မှ ရပ်တည်ပြီး အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ နှင့် အကြမ်းဖက် အမေရိကန်တို့ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ကို အပြင်းအထန် ကြွေးကြော်ခဲ့ကြပါတယ်။
ဈာပနကို အခမ်းအနား ကို တက်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးက "စစ်ပွဲအစကတည်းက အောင်ပွဲဆိုတာ ငါတို့ရဲ့ အပိုင်ဖြစ်မှာ သေချာတယ်။ အမေရိကနဲ့ အစ္စရေးတို့ ရှုံးနိမ့်ရလိမ့်မယ်" ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဤစျာပန အခမ်းအနားကို ကြည့်ပြီး အီရန် ပြည်သူ လူထု နှင့် အစ္စရေး ပြည်သူ လူထု တို့ ၏ သတ္တိ နှင့် အခြေအနေ ကွာခြားချက်ကို ထင်ရှား စွာ တွေ့မြင်နိုင်မည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment