အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန်စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ က အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပနတွင် စိတ်အားထက်သန်စွာ ဖြင့် အပြည့်အ၀ ပါဝင်ခဲ့ကြ သည့် အတွက် အီရန်ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မူစဝီ က မိမိ၏ သဝဏ်လွှာ တွင် အာဇာနည်များ၏ ဈာပန အခမ်းအနား တွင် ရဲစွမ်းသတ္တိရှိသည့်၊ နိုးကြားသည့် ၊ အခြေအနေနှင့် အချိန်အခါကို သိသည့် ပြည်သူလူထု သည် စိတ်အားထက်သန် စွာ ပါဝင် ခဲ့ကြပါ သည်။ ဤအချက်သည် အီရန် လူမျိုးများသည် အမြဲတမ်း အတိုင်း ကြံ့ကြံ့ခံ ကြကြောင်း ဝေလာယသ် ကို ထောက်ခံ သူများ နှင့် အာဇာနည် များ ၏ လမ်းကြောင်း ကို ဆက်ခံသူ ဖြစ်ကြောင်း သက်သေ အထောက်အထား ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ က အာဇာနည်များ၏ မိသားစုများအားဝမ်းနည်းကြေကွဲကြောင်း ပြောကြားရင်း ၎င်းတို့ အတွက် စိတ်ရှည်သည်းခံ နိုင်ရန် ၊ ဒဏ်ရာရသူများ နှင့် အာနိသင် သက်ရောက် သူများ ကို ကျန်းမာချမ်းသာစေရန်အတွက် ဒိုအာ ပြုကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment