အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး မှ အစ္စလာမ် နိုင်ငံတွေ ကို တိုက်ခိုက်သည့် အခြေ အနေ တွင် ကာကွယ် ရေးနှင့်ဆိုင်ရာ ရှရီအီ အမိန့် ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အစ္စလာမ် နိုင်ငံများ ကို ရန်သူက တိုက်ခိုက်သည့် အခြေအနေ တွင် ကာကွယ်ရန် ဟာကင်မ်မေ ရှရအ် ၏ ခွင့်ပြုချက်ယူ ရန် အရေးကြီးပါသလား ?
အဖြေ
အစ္စလာမ် နိုင်ငံများ ကို ရန်သူက တိုက်ခိုက်သည့် အခြေအနေ တွင် ကာကွယ်ရန် ဟာကင်မ်မေ ရှရအ် ၏ ခွင့်ပြု ချက်ယူ ရန် မလိုအပ်ချေ။ ဒါပေမဲ့ စည်းစနစ် နှင့် ကာကွယ်ရေး ဟန်ချက် ညီရန် ဟာကင်မ်မေ ရှရအ် ၏ ခွင့်ပြုမှု ရယူသင့်ပါ တယ်။ အကယ်၍ ဖြစ်နိုင်လျင် ဟာကင်မ်မေ ရှရအ် ၏ အမြင်အရ ယုံကြည်ရလောက်ပြီး တတ် ကျွမ်း သည့် တပ်မှူး (တစ်ဦးဦး ) ၏ ဦးဆောင် မှုကို ယူပြီးကာကွယ်ရပါမည်။
အကြံပြုချက် - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ ကျနော်တို့ ထမ်းဆောင်ရမည် ရှရီအီ တာဝန် ဝတ္တရား ကို သိလောက်ပြီး ဖြစ်ပါတယ်။ ဟာကင်မ်မေ ရှရအ် ဆိုသည် လူငယ်များ ကလေးများနားလည် အောင် ပြောရလျင် ယနေ့ ခေတ်ကာလ ၏ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ စသည်တို့ ဖြစ်ပါတယ်။ အစ္စလာမ် နိုင်ငံကို ရန်သူ တိုက်ခိုက်သည့် အခြေ အနေ တွင် လက်တွေ့ အားဖြင့် ပြောရလျင် ပါလက်စတိုင်း ၊ ယီမင် ၊ အီရန် ၊ ဆီးရီးယား စသည်တို့ကို အကြမ်းဖက် အစ္စရေး ၊ အကြမ်း ဖက် အမေရိကန် တို့ ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် တိုက်ခဲ့သည့် အခါ မွတ်စလင်မ် တစ်ဦး အနေဖြင့် လည်း မိမိ တတ်နိုင်သည့် ဘက်မှ ကာကွယ်ပေးရမည် ဖြစ်ပါတယ်။ ယုတ်စွ အနည်းဆုံး နှုတ် နှင့် ဖြစ်စေ စာပေ အရ ဖြစ်စေ ကာကွယ်ပေးရမည် ။ ဤအတွက်ကြောင့် လူမှု ကွန်ရက် တွင် ကာကွယ်သည် နီယသ် ဖြင့် ပို့စ်များ တင်ခြင်း၊ ရှယ်ပေးခြင်း စသည်တို့ ကို ပြုလုပ် ခြင်းသည် အင်န်ရှာအလ္လာဟ် ဆဝ်းဗ် ရရှိမည် ဖြစ်ပါ တယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment