အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
pasokhgoo.ir ထံ မေးမြန်း ထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ နမာဇ် ဇေ ဝဲဟ်ရှသ် အား မိုင်ယသ်ကို ဒဖ်နာသည့် ညမှာပင် ဖတ်ရမည်နည်း? ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
နမာဇ် ဇေ ဝဲဟ်ရှက်သ် အား မိုင်ယသ် ၏ ပထမည မှာပင် ဖတ်ပေးရမည်နည်း ? သို့မဟုတ် အခြား ညများတွင် သို့မဟုတ် လများကြာပြီး မှ သို့မဟုတ် နှစ်များ ကြာပြီးမှ၊ နေ့၌ဖြစ်စေ ၊ည၌ ဖြစ်စေ သို့မဟုတ် တစ်ကြိမ်ထပ်မက ဖတ်ပေးလို့ရပါသလား? ဆဝါးဗ် ကတစ်ခုတည်းရမှာလား? သို့မဟုတ် ကွာခြားပါသလား?
အဖြေ
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
နမာဇ် ဇေ ဝဲဟ်ရှက်သ်သည် (မိုင်ယသ်) အား ဒဖ်နာ ပြီး ညတွင် သာ ဝတ်ပြုရန် သီးသန့်ပြုထားခြင်းဖြစ်ပါသည်။ အခြားညများ နှင့် နှစ်များတွင် ဖတ်ပေးရန်အတွက်မဟုတ်ချေ။
မှတ်ချက် ။ ။ အဖြေသည်ရှင်းလင်းနေပါသည်။ နမာဇ် ဇေ ဝဲဟ်ရှက်သ်သည် (မိုင်ယသ်) အား ဒဖ်နာ ပြီး ညတွင် သာ ဝတ်ပြုပေးနိုင်ပါတယ်။ အခြား ညများတွင် သို့မဟုတ် လများကြာပြီး မှ သို့မဟုတ် နှစ်များကြာပြီး မှ ဝတ်ပြု ပေးရန်အတွက် မဟုတ်ချေ။ အခြား ညများတွင် သို့မဟုတ် လများကြာပြီး မှ သို့မဟုတ် နှစ်များ အတွက် မိုင်ယသ် အတွက် နမာဇ်ဇေ ဟဒီယဟ် ၂ရကတ် ဖတ်ပေးနိုင်ပါတယ်။ ပိုကောင်းသည်မှာ မိုင်ယသ် အတွက် သူမဖတ်ဖြစ်ခဲ့ သည် နမာဇ် ကဇွာများကို ဖြစ်နိုင်လျင် ကိုယ်တိုင် ဖတ်ပေးသင့်ပါတယ်။ ငွေကြေး တတ်နိုင်လျင် သို့မဟုတ် ငွေ နည်းနည်း ခြင်းစုနိုင်လျင် စိတ်ချရသူ(အာလင်မ်တစ်ပါးပါးသို့မဟုတ်နမာဇ်ကိုမှန်မှန်ကန်ကန်ဖတ်နိုင်သူတစ်ဦးဦး) အား ဝန်ဆောင်ခ (ဟဒီယဟ် ) ပေး၍ ဖတ်ခိုင်းလျင် ပိုကောင်းပါတယ်။ ဥပမာအားဖြင့် ခါးသက်သည့် အမှန် တရားတစ်ခုမှာ အချို့သည် မိုင်ယသ် ကိုယ်စား ဇေယာရသ် ပြုပေးမည့်သူ ကို ငွေ သိန်း ၆၀ ၊ သိန်းတစ်ရာစ သည်ဖြင့် ပေး၍ ပြုခိုင်းပြီး မိုင်ယသ် မဖတ်ခဲ့သည့် နမာဇ်များမှ နမာဇ် ၁နှစ် စာ ဖတ်ခိုင်းရန် ဟဒီယဟ် ၇သိန်း ၊ ၈သိန်း စသည် ဖြင့် ပေးဖို့ဝန်လေးနေကြပေတယ်။ အင်န်ရှာအလ္လာဟ် မိုင်ယသ်အတွက် အကောင်းတကာ အကောင်း ဆုံး ပြုပေးနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment