အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ အီရန်နိုင်ငံ အရှေ့ တောင်ပိုင်း စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ်ရှိ ဇာဟီဒါန် ရှိ တရားစီရင်ရေးခြံဝင်းကို စနေ နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက်အဖွဲ့တစ်ခုလုံးကို သုတ်သင် နိုင်ခဲ့ပါတယ်။
အခင်း ဖြစ်ပွားမှု အတွင်း အကြမ်းဖက်သမားအားလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ဘက်အရာရှိများက အတည်ပြု ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ စစ်ဆင်ရေး အခြေစိုက် စခန်းဖြစ်သော ကွတ်ဒ်စ် တပ်မဟာ မှ ထုတ်ပြန်သော ကြေညာချက်တွင် အကြမ်းဖက် တိုက်ခိုက်မှု အတွင်း အပြစ်မဲ့ ပြည်သူ ခြောက်ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး တစ်ဦး နှင့် အသက် တစ်နှစ် အရွယ် ကလေး တစ်ဦး လည်း ပါဝင် ကြောင်း ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အသေခံ အင်္ကျီဝတ်ထားသူ တစ်ဦးအပါအဝင် အကြမ်းဖက်သမား သုံးဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စီရင်စုတရားဥပဒေစိုးမိုးရေးအေဂျင်စီ၏ လက်ထောက်တပ်မှူး အလီ ရေဇာဒေလီရီ က အကြမ်းဖက် အုပ်စုဝင် များ သည် စနေနေ့နံနက်တွင် ဇာဟီဒါန် ရှိ တရားစီရင်ရေးရုံးသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြ သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ချက်ခြင်းတုံ့ပြန်ပြီး အကြမ်းဖက် သူသုံးဦးကို သုတ်သင်နိုင် ခဲ့ကြောင်း မီဒီယာများကို ပြောကြား ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက် အရ တရားရုံး အဆောက်အအုံ အနီးရှိ လမ်းတစ်ခုတွင် အကြမ်းဖက် နှစ်ဦး သေဆုံးခဲ့ပြီး တတိယမြောက် အကြမ်းဖက် သမား လက်ပစ်ဗုံး မပေါက်ကွဲမီ သုတ်သင် နိုင်ခဲ့ကြောင်း သိရပါတယ်။ သို့သော် လည်း ပေါက်ကွဲမှု ကြောင့် မိခင်တစ်ဦးနှင့် အသက်တစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားအချို့ သေဆုံးခဲ့ရပါတယ်။
တရားရုံး၏စင်္ကြံတွင် အကြမ်းဖက်သမားတစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ချခဲ့ချိန်တွင် ကံမကောင်းစွာပဲ ဗလူချ် မိခင်နှင့် တစ်နှစ်သားကလေးတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အလီ ရေဇာဒေလီရီ က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဇာဟီဒါန် မှာ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် အကြမ်းဖက် သမား အားလုံး သေဆုံးပြီး အပြစ်မဲ့ လူ ၆ ဦး သေဆုံး ခဲ့ပါတယ်။
စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ်ရှိ အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးက အနီးနားရှိ လမ်းတစ်ခုတွင် အကြမ်းဖက်သမားများနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် နောက်ထပ် အကြမ်းဖက်သမား နှစ်ဦး သေဆုံးခဲ့ပြီး အကြမ်းဖက် အဖွဲ့သည် တစ်ဖွဲ့လုံ သေဆုံးခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်တစ်ခုလုံးကို ပျက်စီးနိုင်ခဲ့ ကြောင်း ပြောကြား ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment