၂၉ ဇူလိုင် ၂၀၂၅ - ၁၂:၂၂
အစ်သေခါရဟ် အဖြေကို ဆန့်ကျင် ပြီး အလုပ်လုပ်ခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အစ်သေခါရဟ် အဖြေကို ဆန့်ကျင် ပြီး အလုပ်လုပ်ခြင်း ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အစ်သေခါရဟ် အဖြေကို ဆန့်ကျင် ပြီး အလုပ်လုပ်ခြင်း  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အစ်သေခါရဟ် သည် ယနေ့ လူအများကြားတွင် ကျင့်သုံးနေသည့်အတိုင်း ရှရီအသ် မှန်ကန်ပြီး နှစ်လိုဖွယ် အလုပ်ဖြစ်ပါသလား? အစ်သေခါရဟ် ကြည့်ရန် အရေးကြီးပါသလား? အစ်သေခါရဟ် အဖြေကို ဆန့်ကျင် ပြီး လုပ်ခြင်းသည် ဟရာမ် ဖြစ်ပါသလား?

အဖြေ

ဧကန်စင်စစ်၊ ရှရီအသ် အရ အ အစ်သေခါရဟ် ကို ခွင့်ပြုသည့်ကိစ္စမှာ လူတစ်ဦးသည် မိမိ အား အကြံဉာဏ်ပေး နိုင်သူများနှင့် ဦးစွာ တိုင်ပင်ကာ ဆုံးဖြတ်ချက်တစ်ခု ကို မချနိုင်ဘဲ ချီတုံချတုံ ဖြစ်နေသည့် အချိန် တွင် အစ်သေ ခါရဟ် ကို  ကြည့်ရမည် ဖြစ်ပါသည်။ အစ်သေခါရဟ် အဖြေကို ဆန့်ကျင် ပြီး လုပ်ခြင်းသည် ရှရီအသ်အရ ဟရာမ် မဟုတ်ချေ။ သို့သော် ဤလုပ်ရပ်ကြောင့် နောက်ပိုင်းတွင် နောင်တ ရနိုင်ပါသည်။ (ဤအတွက်ကြောင့် အစ်သေ ခါရဟ် ဆန့်ကျင် ဖက် ပြု လုပ်ချိန် )  အဖြေကိုပြောင်းပေးနိုင်သည့် လုပ်ရပ် တစ်ခုခု ကို လုပ်ဆောင်ရ မည်ဖြစ် ပါသည်။ ပမာအား ဖြင့် ဆဒ်ကဟ် ပေးခြင်း ဖြစ်ပါသည်။

အကြံပြုချက် -  အထက်ဖော်ပြ ပါ အာယာသွလ္လာဟ် ၏ ဖြေကြားချက်ကို ကြည့် ၍ အဖြေကို ရှင်းလင်းစွာ သိနေ ရပြီး ဖြစ်ပါတယ်။ အထူးသတိပြုရမည့် အချက်တစ်ခု မှာ အစ်သေခါရဟ် အား ဟရာမ် ကိစ္စများ ၊ ဝါဂျစ်ဗ် ကိစ္စများ အတွက် ကြည့်မရကြောင်းသိထားရပါမယ်။ ပမာအားဖြင့် နမာဇ် ဝတ်ပြုရမှာလား? ဝတ်မပြုရဘူးလား? ဆိုပြီး အစ်သေခါရဟ်ကြည့်ခြင်း ၊ အရက်သောက်ရမှာလား ? မသောက်ရဘူးလား ? ဆိုပြီး အစ်သေခါရဟ် ကြည့် ခြင်း တို့ ဖြစ်ပါတယ်။ အစ်သေခါရဟ် ကို ကုရ်အာန် နှင့် ဖြစ်စေ ။ သက်စ်ဘီးဟ် နှင့် ဖြစ်စေ ကြည့်နိုင်ပါတယ်။ အရေးကြီးကိစ္စများ (မိုဘာဟ် ကိစ္စများ) ကို ကုရ်အာန် နှင့် အစ်သေခါရဟ် ကြည့်ကြသူမှာ အများစု ဖြစ်ပါတယ်။ အစ်သေခါရဟ် ကိုယ်တိုင်တတ်လျင်ကိုယ်တိုင် ကြည့်နိုင် သလို ၊ စိတ်ချရသည့် အာလင်မ် များ နှင့်လည်း ကြည့်ခိုင်းကြပါတယ်။ အနှစ်ချုပ်အားဖြင့် အစ်သေခါရဟ် အား မိုဘာဟ် ကိစ္စ တိုင်း အတွက် ပင် ဖြစ်စေ မကြည့်ပဲ ၊အလျင်မိမိ ၏ အသိဥာဏ် ကိုအသုံးပြုခြင်း ၊ အတွေ့အကြုံ ရင့်သည့် သူများ နှင့် တိုင်ပင် ဆွေးနွေးခြင်း တို့ကို ပြုပြီးမှ နောက်ဆုံး ၊ ဆုံးဖြတ်ချက်တစ်ခု ကို မချနိုင်ဘဲ ချီတုံချတုံ ဖြစ်နေသည့် အချိန်မျိုးတွင် ကြည့်သင့်ပါတယ်။ နောက်မိမိ ကိစ္စ တစ်ခုခု ဆောင်ရွက်ရန် အစ်သေခါရဟ်လည်း ကြည့်ချင်တယ်။ ဗဒ်(မကောင်း) ထွက်လာမှာလည်း စိုးရိမ်တယ်ဆိုသည့် အခြေအနေမျိုးတွင် နမာဇ်ဇေဟဂျသ် ဖတ်ခြင်း ၊ဆဒ်ကဟ် ပေးခြင်း တို့ကို ပြုပြီး ထို ကိစ္စ ကို အလ္လာဟ် အားပုံအပ်ပြီး လုပ်သင့်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha