အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာကျော် ရှီအဟ် မရ်ဂျအ် များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ သည် အေမာမ် ဟိုစိုင်းန် (အ.စ) ၏အရ်ဗအီးန် ဇေယာရသ် အတွက် လျှောက်လှမ်းနေသော လမ်းကြောင်းများ ပေါ်တွင် မိမိ ၏ ဓာတ်ပုံများကို တပ်ဆင်ခြင်း ချိတ်ခြင်း မပြုကြရန် ထပ်မံမိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ရုံး ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဗစ်မေလ္လာဟ်ဟေရ်ရဲဟ်မန် နေရ်ရဟီးမ်
နိုင်ငံရေးနှင့် ဝန်ဆောင်မှုအဖွဲ့အချို့သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ရုပ်ပုံများကို အများပြည်သူဆိုင်ရာနေရာများတွင် အထူးသဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏အရ်ဗအီးန် ဇေယာရသ် အတွက် လျှောက်လှမ်းနေသော လမ်းကြောင်းများပေါ် တွင် မိမိ တို့၏ ဆိုင်းဘုတ်များ နှင့် ပိုစတာများတွင် တပ်ဆင် နေကြသည်ကို သတိပြုမိပါပါသည်။
ဤအပြုအမူအား ကျွန်ုပ်တို့၏ လက်မခံကြောင်း ကို ထပ်လောင်း မိန့်ကြားရင်း ကျွန်ုပ်တို့သည် ပြည်သူများအား ထိုကဲ့သို့သော လုပ်ရပ်များကို ရှောင်ကြဉ်ရန် ဤကိစ္စ နှင့် ပတ်သက်၍ သင့်လျော်သော အစီအမံများ ပြုလုပ်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား တောင်းဆိုထားပြီး ဖြစ်ပါသည်။
ဆဖရ်လ ၈ရက်နေ့ ဟီဂျရီ သက္ကရာဇ် ၁၄၄၇ ခုနှစ် ၊ ခရစ်သက္ကရာဇ်အားဖြင့် ၂၀၂၅ခုနှစ် သြဂုတ်လ ၃ရက်နေ့
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ရုံး ၊ နဂျဖ်ဖေ အရှ်ရဖ် မြို့ ၊ အီရတ်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment